အပိုင်း (၄၇)

777 52 17
                                    

အားလုံးစောင့်မျှော်နေသော ရောင်နီဝန်းသည် အခုချိန်ထိရောက်မလာသေးပါ။

ကြည်သာ နှင့် ပြည့်ဖြိုးကျော်တို့ နှစ်ဦးသားသည် အဆောင်ရှေ့တွင် ခုံဖြင့် ထိုင်စောင့်နေကြလေသည်။

"အရင်ကဆို ဒီအချိန်ရောက်ပြီ နော့..ကိုကြည်သာ။"

"အင်း၊ လမ်းမှာ တစ်ခုခုများ..."

"မဟုတ်လောက်ပါဘူးဗျာ။ "

လည်တဆန့်ဆန့်နှင့် ရှိနေဆဲအခါမှာပင် အဆောင်ရှေ့သို့ ထိုးရပ်လာသည့် ကားတစ်စီးက အရင်နှစ်က ရောင်နီဝန်းကို လိုက်ပို့ခဲ့သည့် ကားဖြစ်နေသည်။ ထို့ကြောင့် ကြည်သာတို့နှစ်ဦးသားသည် ထိုင်နေရာမှ ချက်ချင်း ထ,ရပ်လိုက်ကြပြီး ....
"အဝန်း...နောက်ကျလိုက်တာကွာ။ ဘယ်တွေများဝင်..."

ဒေါက်တာကြည်သာ၏ ယောကျာ်းပီသစွာနှင့်ထွက်ပေါ်လာပါသော ခပ်ရှရှအသံသည် ကားထဲမှထွက်လာသည့် ကောင်လေးကြောင့် တစ်ဝက်တစ်ပြက်နှင့် လေထဲမှာပင် ပျောက်ကွယ်သွားတော့သည်။

"အဝန်းရော..."

ကားနားဆီ ရောက်ရောက်လာခြင်းမှာပင် ကားထဲကို တစ်ချက်ကြည့်ပြီး အဝန်းရောလို့ မေးသည့် ကြည်သာပုံစံက သားပျောက်သွားသည့် မိခင်တစ်ဦးနှယ် ပြူးပြူးပြာပြာ ရှိလှ၏။

"အကိုကြီးက မနက်မှပဲ အစော လိုက်လာခဲ့မယ်လို့ မှာလိုက်တယ်ခင်ဗျ။ အကွေးကို စိတ်မချလို့ဆိုပြီး မိတ္ထီလာမှာ ဆင်းကျန်ခဲ့တယ်.."

"သြော်...ဒါဆို မင်းက မြတ်ဘုန်းပေါ့။"

"ဟုတ်ကဲ့..."

ကြည်သာသည် မြတ်ဘုန်းကို ကြည့်ကာ ခေါင်းငြိမ့်နေရင်း...
"ကျော်လေး ဒါက မြတ်ဘုန်းတဲ့။ အဝန်းနဲ့ တစ်ရွာထဲပဲ။ မင်း ဂျူနီယာလေးပေါ့ကွာ။"

"တွေ့ရတာ ဝမ်းသာပါတယ် ညီလေး။ ဒါပေမယ့် ငါတကယ်မျှော်တာက အကိုကြီးကွ။"

ခေါင်းကို တဗြင်းဗြင်းကုပ်ရင်း မကြည်မလင်ဖြစ်နေရှာသော ပြည့်ဖြိုးကျော်သည် နောက်တစ်နေ့ညနေအထိ ဆူပုတ်နေဆဲပင်။

"အကိုကြီးပြည့်ဖြိုးကျော်..."

စိတ်ညစ်ညစ်နဲ့ ကျောင်းကနေပြန်အလာမှာပဲ အဆောင်ထဲက ခေါ်သံ။ အကိုကြီးပြည့်ဖြိုးကျော်လို့ ခေါ်သည့်တိုင် ဒီအသံ ဒီအသံဟာ မှားနိုင်ဖွယ်မရှိ...
"အကိုကြီး"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now