အပိုင်း (၁၈)

822 61 26
                                    

"အကိုကြီးက အရမ်းမိုက်တယ်။ သူ့ဉာဏ်က တော်တော်လေး ကောင်းတာနော်..."

ကန်တင်းကနေအပြန်လမ်းမှာ အတူပါလာပါတဲ့ အကို့ပြောသလိုပဲ ဟိမဝန္တာမက အကို့အကြောင်း ချီးမွှမ်းခန်းများကို ကျွန်တော့်မှာ နားနှင့်မဆံ့အောင် ကြားရပါသည်။

"အေးဟ။ တကယ်တော့လေ သူတို့ပြောနေတဲ့ အကြောင်းအရာတွေက ငါ့အတွက်တော့ လုံးဝဗဟုသုတပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့တာတွေကို ငါတစ်ခုမှ မသိဘူးလေ။"

"နင်ပဲမဟုတ်ဘူး ငါရောပဲ။"

ပန်းသွဲ့သွဲ့အေးနှင့် သိမ့်သိမ့်စိုးမြင့်က အကို့အပေါ်မှာ တော်တော်လေး လေးစားလို့နေပြီ။ ထုတ်မပြောပဲ ငြိမ်ငြိမ်နားထောင်နေတဲ့ လေပြေနုသွေးရဲ့ မျက်လုံးတို့မှာလည်း အကို့အပေါ်အထင်ကြီးမှုတွေကို အတိုင်သားမြင်နေရ၏။

ဒါတင်မကသေး ကျွန်တော်ကိုယ်တိုင်ကလည်း အကို့အပေါ်မှာ ယုံကြည်မြတ်နိုး လေးစားတန်ဖိုးထားချင်စိတ်တွေ တဖွားဖွားတိုးတတ်နေသည်။ သို့သော်လည်း ကျွန်တော့်အပေါ် ကျီစားသည်လား၊ တကယ်ပဲမသိလို့ ပြောသည်လား မသိတဲ့ စကားစုတို့တော့ သိပ်ပြီး မကျေလည်ချင်သေး။

"မင်းတို့ မမနွဲ့ အပေါ်ထပ်မှာ။ တက်သွားကြလေ။"

"ဟုတ်ကဲ့ ဒေါ်ဒေါ်။ ဒါဆို ပြီးမှပဲ လေပြေတို့ စကားပြောကြမယ်နော်"

"အေးပါကွယ် အေး အေး...."

မမနွဲ့ရဲ့အမေက ခေါင်းငြိမ့်လို့ အသိအမှတ်ပြုပေးမှပဲ ကျွန်တော်တို့က မမနွဲ့ရှိရာ အိမ်အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။

ညနေပိုင်းအချိန်မရှိခြင်းက သင်ကြားမှုဘာသာရပ်အသစ်စက်စက်အတွက် အချိန်ပေးဖို့ရန်ဖြစ်လာခဲ့ပြီး ကျွန်တော်တို့အားလုံးမတိုင်ပင်ထားပါပဲနှင့် မမနွဲ့အိမ်သို့ သွားဖို့ အသင့်ဖြစ်နေခဲ့ကြသည်။ မိန်းကလေးသုံးယောက်က ဘာအတွက် ဒီသီချင်းကိုသင်ချင်သည်လည်း မပြောတတ်သော်လည်း ကျွန်တော်ကတော့ ရှင်းသည်။

သီချင်းသံကြားရင် အလိုလို ကျွန်တော့်မျက်လုံးထဲ မြင်ယောင်လာပါတဲ့ အကို့ပုံရိပ်တွေကို တမ်းတချင်လို့ပဲဖြစ်သည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now