"အကို....အကို "
ခေါ်သံကို ပြန်မထူးသည်ကြောင့် အိပ်နေဆဲဟု ယူဆလိုက်ပြီး အိမ်ပေါ်သို့ ပြေးတက်ခဲ့လိုက်သည်။
"ဖိနပ်ကို အိမ်ထဲမစီးနဲ့ သော်....."
တိုင်တွင် ချိတ်ဆွဲထားသော ကြည့်မှန်မှတဆင့်ကျွန်တော့်ကို ကြည့်ကာပြော၏။
"အင်္ကျီဝတ်နေတာလား အကိုက..."
မှန်ကြည့်ကာ ကြယ်သီးတပ်နေသော အကို့အား နောက်မှ ဖက်တွယ်လိုက်ရင်း စကားဆိုတော့ အကိုက ကြယ်သီးကိုသာ ဆက်ပြီးအာရုံစိုက်လေသည်။ ရင်ဘက်က အနီကွက်တစ်ချို့ကို ကျွန်တော်ကြည့်နေတာ အကိုတော့ သိလောက်မည်။ ဒါကြောင့် လက်ချောင်း သွယ်သွယ်တို့ကို အမြန်လှုပ်ရှားနေတာဖြစ်မှာ....
"အကို..."နောက်မှရပ်နေရင်း အကို့ အင်္ကျီအောက်ကို လက်ဝင်ပြီး ခါးမှတဆင့် ဗိုက်သာချပ်ချပ်လေးဆီကို ကူးလူးလိုက်၏။
"အကို့ဗိုက်လေးက အေးနေတာပဲနော်..."
ကျွန်တော့်စကားကိုမျက်မှောင်တစ်ချက်သာ ချုံ့ပြီး ဘာမှပြန်မပြောသည့် အကိုကြောင့် အကို့ကျောပြင်မှာခေါင်းကွယ်ပြီး ကျွန်တော်ရယ်မိတော့သည်။
"ဒီဟာလေးက ရင်ဝမ်းခြား ကြွက်သားမဟုတ်လား။"ဝမ်းဗိုက်အလယ်လောက်ကို ဖိညှစ်ရင်း မေးတော့လည်း အကိုက ဘာမှပြန်မပြောပဲ ငြိမ်နေသေးသည်။ အကိုက ငြိမ်ပေးလေလေ ပိုလို့တိုးလေလေနဲ့.....
"သော်တော့ တဏှာရာဂမီးတွေတောက်လောင်နေတာ များနေပြီ..."
ရင်ဘက်နားရောက်ခါနီးမှ ချက်ချင်းပဲ ခန္ဓာကိုယ်ကို ချာခနဲလှည့်သွားသည်ကြောင့် ကျွန်တော့်မှာ ရောက်ခါနီးမှ အထက်စီးကဖြတ်ချရိုက်ခံလိုက်ရသလိုမျိုးနဲ့ မှန်မှတဆင့် အကို့ထံသို့ အီလည်လည်ကြီး ကြည့်မိသွားသည်။ တကယ်ဆို ကျွန်တော် ကိုင်ရတော့မှာလေ...
"မျက်နှာကို အဲ့လိုမလုပ်ပါနဲ့ သော်ရာ။
အခုမှမနက်အစောကြီးကို...လာပါ တစ်ခုခုသွားစားရအောင်။""နေပါဦး အကို။ အခုမှ မနက်အစောကြီးဆိုတော့ ညကျရင်တော့ ကျွန်တော်တို့အလုပ်ဖြစ်လောက်တယ် အဲ့လိုသဘောလား..."