အပိုင်း (၅၂၊ ဒုတိယပိုင်း)

1.1K 68 17
                                    

အဝန်းသည် ယောက်ဖတော်စပ်သူ၏ စီစဥ်ပေးမှုကြောင့် သူတို့အိမ်က ကားနှင့်ပင် ချင်းပြည်နယ်၊ တီးတိန်သို့ အမြန်ခရီးနှင်လေသည်။

သူနဲ့အတူ ကိုလွင်မောင်က လိုက်ပါလာပြီး ယင်းတော်ဆေးရုံမှာ ကိုသက်ကစောင့်နေမည်။ ပခုက္ကူဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ပန်းသွဲ့သည်လည်း လိုက်မည်ဖြစ်ကြောင်းကို ဖုန်းဆက်ကာ ပြောထားလေသည်။

"ဘယ်လို ဖြစ်ရတာလဲကွာ...."

ကားပေါ်သို့ ရောက်လာချင်းမှာပဲ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်သည့် ကိုသက်ဟာ မျက်ရည်များကြားကနေ ရင်ကျိုးမရစွာဆိုသည်။

"မသိသေးဘူး ကိုသက်၊ ကျွန်တော့်ဆီကို မြတ်ဘုန်းစာပို့တာ..."

သူ့ဖုန်းအား ပြရင်း ပြောပြနေသည့် ကိုလွင်မောင့်အသံဟာလည်း မချိမဆန့်ပဲဖြစ်သည်။

"တောက်...ဒီကောင်ကွာ၊ စနေတာဆိုလို့ကတော့ မျက်ခွက်စုတ်အောင် ထိုးပစ်မှာ..."

ဘာမှဝင်မပြောပဲ နောက်ကျောဘက်ကမှ ကူရှင်ကို မှီကာ မျက်လုံးမှိတ်ထားသည့်တိုင် ကြားနေရသော အသံများက သူ့ရင်ကို ဆူးချွန်များဖြင့် ထိုးနေသလိုပင်။

"အကိုကြီး..."

သူ့နံဘေးရောက်လာပြီဖြစ်တဲ့ ပန်းသွဲ့သည် သူ့လက်မောင်းမှာ မျက်နှာအပ်ရင်း ငိုကြွေးသည်။

"ဟုတ်ရော ဟုတ်ရဲ့လားကွာ...."

မယုံနိုင်သလိုနဲ့ ပြောဆိုလာသည်က ကိုတိုး၊ နောက်ထပ် လိုက်လာသည်က ကိုသော်မောင်နှင့် အကိုကြီးတို့နှစ်တုန်းက ECဖြစ်မည်။

"ကြည်သာကွာ..."

သူ့ပေါင်ကိုသူ လက်သီးဖြင့်ထိုးရင် မချိမဆန့်နဲ့ ပေါ်ထွက်လာသည့် ကိုသက်အသံကိုလည်း သူ,မကြားသလိုပဲ ဟန်ဆောင်နေလိုက်သည်။

တစ်လမ်းလုံးမှ သူတို့ပြောသမျှ အကြောင်းအရာမျိုးစုံတို့ကို မကြားသလို ဟန်ဆောင်ရင်း မျက်လုံးမှိတ်ကာ လိုက်လာသည်က ကားရပ်သွားပြီးနောက် ကားတံခါးကိုဖွင့်လိုက်သည့် ချက်ချင်းမှာပဲ...

အားလုံးထက်အရင် သူဆင်းသွားလိုက်ပြီး ကြည့်လိုက်တော့....
"မဟုတ်ဘူး..မဟုတ်ဘူး။
အကိုကြီးက ကျွန်တော်မလာလို့ တမင်လိမ်တာမဟုတ်ဘူးလား။ မဟုတ်ဘူးနော် အကိုကြီး...ပြန်ထ,လာလို့ ။"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now