အပိုင်း (၄၄)

841 58 33
                                    

"ရောင်နီဝန်း အိမ်ပြန်မယ်.."

"အယ်..သမီးလည်း လိုက်မှာလေ.."

"သီတင်းကျွတ်မုန့်ဖိုး မတောင်းတော့ဘူးလား အကွေးက.."

ချက်ချင်းပဲ ချိုအီကာသွားတဲ့ အဖေ့မျက်နှာဟာ အကွေးကို အိမ်ပြန်မလိုက်စေချင်သေးတဲ့ပုံပါ။ ဒီလိုနဲ့ အဖေဟာ အားလုံးကို အရှေ့ဝိုင်းမှာ ထားခဲ့ပြီး အဝန်းတစ်ယောက်ကိုသာ အိမ်ကိုခေါ်လာ၏။

"မန္တလေးသူလို့တော့ မပြောနဲ့ အဝန်း။ မင်းဘယ်လောက်ကြွယ်ကြွယ်၊ အဖေမွေးထားတဲ့သား အလည်လုပ်ပြီး တစ်ပတ်ရိုက်မယ် မကြံနဲ့..."

ဝိုင်းတံခါးဖွင့်ပြီးနောက်တွင် အဖေက အိမ်ထဲသို့အရင်သွားပြီး အဝန်းကနောက်ကနေလိုက်ဝင်လာသည်။ အိမ်ထဲရောက်ရောက်ချင်းဆိုသလိုပဲ အဝန်းရဲ့ ရင်ဘက်အနားကို ရောက်လာသည့် စာရွက်ကလေး။

ထွေးထွေးပွေ့ပွေ့နဲ့ ဖမ်းယူပြီး ကြည့်မိလိုက်တော့ သော့်ရဲ့လက်ရေးလှလှလေးတွေကို မြင်လိုက်ရသည်။

စာထဲတွင် 'အကို့ရဲ့သော်'ဆိုပြီးရေးထားကာ...ကျွန်တော်ယူသော အသုံးနှင့် ရေးသားထားသောစာများကိုသာ တွေ့ရ၏။ သော်ဆိုသော နာမသည် ကျား၊မ မရွေးသုံးနိုင်သော်လည်း 'ကျွန်တော်'ကိုတော့ဖြင့် မန္တလေးသူဟု မလိမ်ရဟု အဖေကပြောသည်။

"ပြောတော့ အကွေးကိုကျွန်တော်နဲ့ စိတ်ချပါဆို။ မင်းကွာ....အဖေ ယုံကြည်ခဲ့တာကို အလွဲသုံးစားလုပ်ရက်တယ်။ ပြောပါဦး အဖေ့ဘက်က ဘာတွေများ လစ်ဟင်းခဲ့တာတွေ၊ မင်းတို့အပေါ် မှားယွင်းခဲ့တာတွေရှိခဲ့လို့ မင်းကအခုလိုမျိုး....ကျစ် ငါကွာ"

အဖေသည် အိမ်တိုင်အား လက်သီးဖြင့်ထိုးကာ အံကိုကြိတ်ထားရင်း မျက်ရည်မထွက်အောင် ကြိုးစားနေလေသည်။

အဖေ့ရဲ့ အခုလိုပုံစံဟာ တကယ်တော့ အဝန်းရဲ့မိုက်မဲခဲ့မှုကြောင့် ဖြစ်တည်လာရတာပင်။ မြင့်မိုရ်တောင်မက ကြီးမားလှတဲ့ မိဘကျေးဇူးတွေကို ဘယ်လိုပင်ဆပ်ဆပ် မကုန်နိုင်အောင်ရှိလှတဲ့ မွေးကျွေးဇူး၊ ကျွေးကျေးဇူးတွေကို မဆပ်နိုင်သေးတဲ့အပြင် အခုအခါသူဟာ မိဘစိတ်ဆင်းရဲ ရအောင်ပြုလုပ်နေမိပြီ။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now