ရွှေမြင်တင်ဘက်ကို ရောက်ဖြစ်တော့ အဝန်းနဲ့သော့်ကို သတိရမိသားနော်။တကယ်ဆိုလေ စခဲ့တုန်းက အဝန်းနဲ့သော့်ကို ဒီထိရောက်လာလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။ ဒါပေမယ့် သူတို့တကယ်ရောက်ခဲ့တယ်နော်။ မန္တလေးတောင်မှာ အဝန်းပြောခဲ့တဲ့ အဲ့ဒီအခွင့်က တကယ်ကြုံကြိုက်ခဲ့လို့ သိပ်ကို ဝမ်းသာမိတယ်။
ဘာရယ်မဟုတ် နတ်ရေကန်ဆီရောက်ဖြစ်တော့လည်း တို့မှာ ရယ်ခဲ့သေးတာ။ အင်ကြင်းပန်းနံ့လေးတွေ လှိုင်ထနေတဲ့ နေရာကိုရောက်တော့...
"မွှေးရဲ့လား "ဆိုတဲ့ တို့သူငယ်ချင်းရဲ့ အမေးမှာ တို့တော့ အောင့်ကိုတွေးမိပြီး ရင်ထဲ မချိမဆံ့နဲ့ရယ်။
တကယ်တော့ အောင်ကလေ အရင်ထဲက ရနံ့နဲ့ပက်သတ်ပြီး သိပ်ထူးကဲမှုမရှိခဲ့ပေမယ့်၊ သူ သူ့မှာ သူ့မှာ မနားမနေနဲ့ ရူးရူးမူးမူးဖြစ်ခဲ့တာကြောင့်၊ အအိပ်အစား အရမ်းနည်းပါးခဲ့တာကြောင့် တစ်ရက်မှာ သူ့ကို ဆေးရုံတင်လိုက်ရသေးတယ်။