အပိုင်း (၅၂)

1K 64 26
                                    

မန္တလေးမြို့မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကို ကျော်ပြီးနောက်တွင် အဝန်းဦးတည်နေသော နေရာသည် ဘယ်နေရာဖြစ်မည်လဲ ဆိုသည်ကို တွေးကြည့်ရင်း သူမ အမှန်တကယ်ပဲ စိတ်လှုပ်ရှားလို့နေသည်။

အဝန်း ဘယ်ဆီကို သွားသလဲလို့ တွေးနေရင်း သူ့နောက်ကလိုက်ပါလာသည့် ဒီအချိန်မှာ အလင်းစိတ်ထဲ ဝင်ရောက်လာသည်က...

ပျဥ်ထောင်အိမ်ကလေး၏ အတွင်း၌ ချိတ်ဆွဲထားသော စာရွက်ကလေးများသည် မေတ္တာတို့ဖြင့် အသက်ဆက်နေဆဲဖြစ်သည်။

ဝတ္ထုထဲတွင် ပါဝင်သော စိတ်ကူးယဥ်ဆန်ဆန် အိမ်ကလေးသည် အပြင်မှာ အမှန်တကယ်ရှိနေလျှင် ကောင်းမည်။ ပြီးနောက် ချစ်သူနှစ်ဦး ရေးထားကြသော အပြန်အလှန် ပေးစာတို့ကို သူမဖတ်ကြည့်ချင်သည်။

ထိုစာအုပ်ကလေးကို သူမ ပထမနှစ်တွင် ဖတ်ခွင့်ရခဲ့သည်။ More(မိုး) သည် သူမတို့ ဆေးကျောင်းသူများ၏ ရင်အတွင်းတွင် အစဥ်အဆက် နေရာယူထားခဲ့သည်က ယခုသူမကိုယ်တိုင်ပင်လျှင် ပါမောက္ခတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိ ကျောင်းသား၊ကျောင်းသူများ၏ လက်အတွင်းမှာ တွေ့ရမြဲဖြစ်သည်။

စာအုပ်ထုတ်ဝေခဲ့သည်မှာ တတိယအကြိမ်ထိတိုင် အောင်မြင်ခဲ့ပြီးဖြစ်၏။ Coverသာ ပြောင်းလဲသွားသော ဒီသုံးကြိမ်လုံးကို သူမကိုယ်တိုင်ကလည်း တယုတယနှင့် အလုအယက် ဝယ်ယူခဲ့သည်။

စာအုပ်ပါ စိတ်ဝင်စားစရာကောင်းသော အချစ်အကြောင်းကို ပြဌာန်းစာအုပ်တစ်ခုနှယ် သဘောထားခဲ့ရင်းမှ ဒုတိယအကြိမ် ထုတ်ဝေသော စာအုပ်ကို pre_orderတင်ရာတွင် စာရေးသူနှင့် စကားပြောခဲ့ရလေသည်။

ရုတ်တရပ်ဝင်လာသော စာတစ်ခုသည်...
"ညီမက ရယ်မောလားကွယ်"

ဟူသော စာသည် သူမ၏ accတွင် Notiတစ်ခုအနေဖြင့် ရောက်ရှိလာခဲ့သည်။

စာပို့သူ၏ Accကိုကြည့်မိလိုက်တော့ မိုးရေထဲမှာရပ်နေသည့် ကောင်မလေးတစ်ယောက်။ မဟုတ်မှလွဲရောဆိုပြီး မယုံကြည်နိုင်စွာနှင့် View profileကို နှိပ်ကြည့်လိုက်တော့ တကယ်ပဲ သူမလေးစားရသည့် စာရေးဆရာမသိမ့်သိမ့်စိုး ဖြစ်ခဲ့သည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now