အပိုင်း (၃၉)

679 52 7
                                    

"မနေ့ညက မနွှဲလိုက်ရတဲ့ ပွဲကွာ။ အဖွင့်ကို ကနဲ့စလိုက်ရအောင်...."

ကျောင်းဖွင့်တဲ့ ပထမဆုံးနေ့မှာလည်း ကျွန်တော်ဟာ အကို့နောက်ပါးမှမခွာပဲရှိနေခဲ့ပြီး အခုညအချိန်ထိတိုင် အကို့နံဘေးက တစ်ဖဝါးမခွာရသေးပါ။

🎶ကြင်နာသူရေ မင်းအနားနား နီးနီးလေးပဲ ကိုယ်နေချင်တယ်။🎶

အကို့ရဲ့ သီချင်းသံကြောင့်မလုံမလဲနဲ့ အကို့ဘက်ကို ကြည့်မိတော့ အကိုကလည်း ကျွန်တော့်ဆီကို ကြည့်နေသည်နှင့်ဒဲ့တိုးသည်။ ရင်တွေခုန်ပြီး တစ်ကိုယ်လုံးပူထူလာကာ အကို့ဆီကနေအကြည့်လွှဲပြီး ဘေးကလူတွေထံသို့ မလုံမလဲကြည့်လိုက်မိသည်။

"ဒီတင် ရပ်ပြီလား။ ဒါဆို ငါဆက်မယ်ကွာ...
🎶တုန်တုန်နေတာပဲ တုန်ခါသွားတာပဲကွာ။ အရူးမူးပဲ ....🎶📆"

"ဟား ဟား ဟားးး..."

ကိုတိုးရဲ့ သီချင်းကြောင့် အာလုံးရယ်မောနေကြသည်က ဘာကိုမှ တွေဝေနေခြင်းတို့ရှိမနေပါ။ ကြည့်ရတာ ကျွန်တော်နဲ့ အကို့ကြားက အပြုအမူတွေကို သူတို့အတွေးမများကြတာဖြစ်မည်။ တကယ်လည်း ဒီအပြုမူလေးတွေက အတွေးများစရာမရှိပါ၊ ယောကျာ်းလေးနှစ်ယောက်ကြားက ဖြစ်နေကြ ဖြစ်ရိုးဖြစ်စဥ်တွေအတိုင်း ဖြစ်ပျက်နေခြင်းဖြစ်သည်။

သို့သော်...အကိုနဲ့ပက်သတ်လာရင် မူမမှန်တဲ့ကျွန်တော်ကသာ အကိုဘာလုပ်လုပ်၊ အကိုဘာပြောပြော ရှက်ကို့ရှက်ကန်းနဲ့မလုံမလဲတွေဖြစ်ဖြစ်နေတာ။

"ဆိုလေ..သော်၊ ပ တဲ့။"

ကျွန်တော့်ပေါင်ပေါ်ကို လက်တင်လို့ သတိပေးပြီး သီချင်းဆိုခိုင်းပါတဲ့ အကို့ကြောင့် ကျွန်တော့်ခန္ဓာက တောင့်တင်းသွားရသည်။

ခပ်အမ်းအမ်းဖြစ်သွားတဲ့ ကျွန်တော့်မျက်နှာကို အကိုက အသေအချာကြည့်ပြီး 'ဆိုလေ' ဟူသော သဘောဖြင့် မျက်ခုံးပင့်ပြလေသည်။ ထို့ကြောင့် ယောင်နနနဲ့ ဆိုလိုက်မိသည်က...

🎶ပွင့်သစ်စပန်းကလေးများရယ် နုနုနယ်နယ်၊
စိုပြေရှင်းသန့် ဝင်းဖန့်လို့ ရနံ့လှိုင်ကာကြွယ်၊
ကိုယ်ချစ်သော ညီငယ် ကိုယ်ချစ်သော ညီမငယ်၊
လေးစားကာ နှုတ်ခွန်းဆတ်ပါတယ်တဲ့။🎶

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Место, где живут истории. Откройте их для себя