"အကွေး..."
"ဟင် !!!"
တစ်နေ့လုံးပြေးလွှားနေခဲ့ပြီးနောက်မှာ သူဖြစ်ချင်သည့် ဆန္ဒဟာ တစ်ခုတည်းသာရှိတော့သည်။ ဟုတ်သည် သူပင်ပန်းလှပြီ။ သူပူလောင်လွန်းလှပြီ ဒါကြောင့်....
"ငါတို့ သင်္ကန်းဝတ်ကြရအောင်။""အမ်.....၊အဝန်း...."
"ဘာဖြစ်လို့လဲ။ နင်က မဝတ်ချင်ဘူးလား၊ နင်ပဲ ငါနဲ့အတူလိုက်ပြီး သီလရှင်ဝတ်မှာဆို..."
"ဟိုလေ..စောသေးတယ် မဟုတ်ဘူးလား။ငါအခုမှ ငယ်ငယ်လေးရှိသေးတာလေ။ ပြီးတော့ ရောင်ခြည်နဲ့ရောင်ဝါ..."
သူမ ဝတ်ဆင်ထားသော ပန်းဆိီရောင် စကတ်အတိုလေးကို လုံးချေ၍ အကြောင်းပြချက်ရှာနေပါသော အကွေး၏ မျက်လုံးတို့ဟာ ဟိုရွေ့၊ဒီရွေ့နှင့်ဖြစ်နေသည်။
"အလင်းရှိတာပဲ..သူတို့ကို စိတ်မပူနေပါနဲ့ဟာ၊ နင့်အတွက်ကို နင်စဥ်းစားဦး။ အခုလို ပစ္စည်းဥစ္စာတွေကြားမှာ ပျော်မွေ့နေတာ..အခုနေများသေသွားရင် နင်ဘယ်ရောက်မယ်ထင်လဲ"
"ကိုကြည်သာ့လို ဆိုင်ကယ်မှောက်ပြီးငါသေမှာကို ပြောတာလားဟင်...အဲ့လိုကြီးတော့မဖြစ်ချင်ဘူးနော်၊ ငါ နာမှာ ကြောက်တယ်...ဟင့်"
နားနှင့်ဆက်ဆက် ကြားလိုက်ပါသည့် အကွေး၏ ရှိုက်သံသဲ့သဲ့ကြောင့် သူ့စိတ်တို့က ရှုပ်ထွေးသွားရလေသည်။
"အကွေး...."
စိုးရိမ်နေသော အသံကို ထပ်ပြီးကြားလိုက်ရသည်ကြောင့် အကွေး၏နံဘေး သူမ၏အမျိုးသားရောက်လာပြီထင်သည်။
"ဘာဖြစ်လို့လဲ ကျွန်တော့်ကိုပြောလေ၊ ဘာဖြစ်လို့ ငိုနေတာလဲ....ကျွန်တော့်ကိုကြည့်ပါဦး။"
ညှို့ငင်နေသော အသံသည် Screenခြားနေသည့်တိုင် နားထောင်ရသည်မှာ ရင်ထဲဆွဲငင်လို့ဝင်ရောက်စေပါသည်။ သြော် ကောင်း...ကောင်း၊ အကွေးရဲ့ကောင်း။
"ငါ သီလရှင်မဝတ်ချင်သေးဘူး ကောင်းရယ်၊ ငါ ငယ်သေးတယ် မဟုတ်လားဟင်၊ ငါချက်ချင်းကြီးတော့ သေမသွားလောက်ဘူးမဟုတ်လား။ ဟိုလေ ပိုက်ဆံတွေကို လှူမယ်ဆိုရင်ရော...ဟင်၊ ဒါက ကောင်းပိုက်ဆံတွေနော်။ ဒါဆို ကုသိုလ်က ကောင်းပဲရမှာပေါ့..."
YOU ARE READING
လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)
KöltészetFrom the first year to..........