အပိုင်း (၂၇)

766 55 30
                                    

ကျောင်းဆင်းတော့ အကိုက ကျွန်တော့်ကို မျက်နှာပြုံးစစနဲ့ ကြည့်ကာ...
"သော်..." ဟု နှုတ်ဟ,လာလေသည်။

"ပြောလေ အကို"

"အိမ်လေးကို ဖွင့်ကြည့်ဖို့ မမေ့နဲ့"

ထိုသို့ပြောပြီး မျက်စိတစ်ဖက်မှိတ်ပြကာ လှစ်ခနဲ စက်ဘီးစီးသွားပါတဲ့ အကိုကလေ ကလေးလေးလိုပဲ။ အကို့ကျောပြင်လ ကျွန်တော့်မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ အိမ်ပေါ်သို့ တက်ခဲ့လိုက်သည်။

အိမ်ပေါ်ကို ရောက်သည့် အခါမှာလည်း လွယ်အိတ်ကို တိုင်မှာ ချိတ်လိုက်ပြီး စာတိုက်ပုံးအိမ်လေးဆီ အပြေးသွားကာ ဆွဲတင် ကြည့်မိလိုက်တော့ မြင်လိုက်ရပါတဲ့ စာတစ်စောင်။

အရင်ကလို ဗြောင်စာရွက်နှင့် မဟုတ်တော့ပါပဲ မျဥ်းကြောင်းပါ ဗလာစာရွက်လေးဖြစ်သည်။

စာရွက်ကို ဖွင့်၍ ဖတ်ကြည့်လိုက်တော့ ကျွန်တော့်မျက်နှာက ဖုံးဖိထားလို့ မရအောင်ကိုရွှင်မြူးနေမိသည်။ အကိုကလေ ကျွန်တော်ချစ်ရပါတဲ့ ကျွန်တော့်ရောင်နီဝန်းက ကျွန်တော်ဆိုတဲ့ နေရဲ့အလင်းတန်းရှိရာမှာ ဝဲရစ်နေရတဲ့ မြူမှုန်လေးတစ်မှုံဖြစ်တဲ့ ကျွန်တော့်ကြောင့်နဲ့ ရင်ခုန်သံတွေမြန်လာရတယ်တဲ့။

ပျော်လိုက်တာ ဆိုတာများဗျာ။ ကျွန်တော်ဆိုတဲ့ ဖြစ်တည်မှုကို အကို့ဘက်ကလည်း ဤသို့ သဘောထားပေးသည်က ကျွန်တော့်အတွက်တော့ အတိုင်းအထက် အလွန် ပျော်လို့ မဆုံးနိုင်တော့ပေ။

စာပေးခံရပါတဲ့ စန္ဒသော်ကအောင်က အရမ်းပဲပျော်နေသလို စာပေးပါတဲ့ ရောင်နီဝန်းကတော့ ရင်တုန်သလိုလို၊ ခုန်သလိုလိုနဲ့ တစ်ကိုယ်လုံးချွေးပြန်ချင်နေသည်။

"မင်းဟာက ဘယ်လိုဖြစ်တာလဲ အဝန်း..."

စွပ်ကျယ်အင်္ကျီကြောင့်နဲ့ လည်ပင်းနေရာတွေ၊ ရင်ဘက်နေရာတွေမှာ ရှိနေပါတဲ့ ချွေးတို့ကို အတိုင်းသားမြင်နေရသည်။ မသိရင် အဖျားကြီးပြီး အပူတက်တာကြောင့် ချွေးပြိုက်ပြိုက်ကျနေပါတဲ့ လူတစ်ယောက်ကဲ့သို့ဖြစ်နေသည်။

ဒါကိုကြည့်ပြီး သန်းတိုးအောင်က အဝန်းရဲ့နဖူးကို လက်ဖြင့် စမ်းပြီးမေးခြင်းဖြစ်သည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now