အပိုင်း (၁၅)

933 70 19
                                    

"ဒီသီချင်းကို နင်သဘောကျရင် ငါကူးပေးမယ်လေ။
အယ် ကွန်ပျူတာနဲ့ ကူးတာ ပိုအဆင်ပြေလောက်မယ်"

"နေပါစေ။ ငါ့မှာ ဖုန်းမရှိဘူး..."

"ဟင်...တကယ်လား အောင်။ နင့်ကိုကြည့်ရတာ သားသားနားနားထဲကမို့ ငါကဖုန်းရှိတယ်ထင်တာ။ ထားပါလေ..ဒါတွေက အရေးမကြီးပါဘူး။ နင် ဒီသီချင်းကို ကြိုက်ရင် ငါဖွင့်ထားပေးမယ်လေ"

ရုတ်ချည်း အားနာသွားပါတဲ့ အမူအရာနှင့်ပြောလာတော့ ကျွန်တော့်မှာ အားတုန့်အားနာဖြစ်သွားရသည်။ တကယ်တော့ ဖုန်းမဝယ်ခြင်းက ကျွန်တော့်အတွက် လွတ်လပ်ခြင်းဟု ယူဆတာကြောင့် မဝယ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အခုချိန်မှာ ဤသို့သော အကြောင်းအရာများကို ရှင်းပြလိုက်လျှင် ကျွန်တော့်ဘက်က ကြွားသလိုဖြစ်ဦးမည်။ ဒီတိုင်းပဲ ဆိတ်ဆိတ်နေလိုက်တာ ပိုကောင်းမည်။

"ဒီလိုလုပ်လေ အောင်။ ညနေ ကျောင်းဆင်းရင် ငါတို့အိမ်လိုက်ခဲ့။ ပန်းသွဲ့တို့လည်း လိုက်မှာ။ ဒီသီချင်းကို ငါ့အမက ရှင်းပြမှာလေ။ သူတို့လည်း ကြိုက်လို့တဲ့။ တကယ်ကောင်းတယ် သိလားအောင်။ မင်းသားက မင်းသမီးကိုကြိုက်ပေမယ့်၊ မင်းသမီးက မင်းသားအကို ကိုကြိုက်တာလေ။ မင်းသားက သနားပါတယ်။ သူ့ကိုမကြိုက်လည်း သူ့ဘက်ကတော့ တကယ်ချစ်ရှာတာ။"

"ဟိတ် နင်တို့နှစ်ယောက် ဘာတွေချစ်နေတာလဲ"

ကျွန်တော်တို့ ဘေးရောက်လာပါတဲ့ သိမ့်သိမ့်စိုးမြင့်ကတော့ ထုံးစံအတိုင်း သူမထင်ရာတွေကို ပြောနေသည်။ ဒီလိုအပြောတွေကို ကျွန်တော်တော့ စိတ်မအိုက်ဖြစ်တော့။ သူမက အမြဲပြောချင်ရာ ပြောပြီးထင်ချင်ရာထင်နေတာပဲလေ။ ဒါကို ကျွန်တော့်ဘက်က အထွေအထူးလုပ်ပြီး ရှက်တာတွေ၊ မျက်နှာပူတွေ ဖြစ်မနေချင်တော့ပါ။။

"ထင်ရာတွေ ပြောတော့မယ်။ I love youသီချင်း အကြောင်းပြောပြနေတာ"

လေပြေနုသွေးက သိမ့်သိမ့်စိုးမြင့်ရဲ့မျက်နှာကို စူပုတ်ပုတ်နှင့်ကြည့်ပြီး ပြောလေတော့ သိမ့်သိမ့်စိုးမြင့်က မျက်နှာကို စပ်ဖြဲဖြဲလုပ်ပြီး....
"အေးနော်။ ငါထင်တော့ထင်သား"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now