အပိုင်း (၃၅)

793 54 28
                                    

"ဒါဆို ပုပ္ပါးကိုသွားမှာပေါ့ ဟုတ်သလား အကိုကြီး"

ကြည်နူးမှုတွေအပြည့်၊ ပေါ့ပါးမှုလွတ်လပ်မှုတွေအထိပါ ကိန်းအောင်းပါဝင်နေပါတဲ့ အဝန်း၏ မျက်နှာက ကြည်သာ့အတွက်တော့ နှလုံးသား အက်ကွဲဒဏ်ရာတစ်ခုပင်။

သို့သော်လည်း အများကြီးမတွေးမိအောင်ကြိုးစားလိုက်ရင်းနဲ့ အဝန်း၏အပြုံးတို့ကို သူ့ဘက်ကလည်း နှစ်ခြိုက်စွာပြုံးပြရင်း တုန့်ပြန်လိုက်ပြီး....

"အင်း။ မင်း သဘောကျရဲ့လား။" ဟု ကြင်ကြင်နာနာနဲ့ပင် မေးလိုက်သည်။

"သဘောကျတာပေါ့ အကိုကြီးရ။ ကျွန်တော်အခုထိ ပုပ္ပါးကို  ရောက်မှ မရောက်ဖူးသေးတာ။ hiking ဆိုတော့ တောင်မကြီးဘက်အထိပါ သွားကြမှာလား။"

"မပြောတတ်သေးဘူးလေ။ ကိုကိုလည်းပါမှာဆိုတော့ သူနဲ့တစ်ချက်ညှိကြဖို့တော့ လိုဦးမယ် ထင်တယ်။"

"အေးပေါ့လေ၊ ခရီးစဥ် ကိစ္စကတော့ အကိုကြီးတို့ပဲ ညှိကြပါ။"

"မင်းအိမ်ကို ဖုန်းဆက်ဖြစ်ရဲ့လား အဝန်း။ အကွေးအသံ သိပ်မကြားဖူးလားလို့ပါ"

ပထမနှစ် တစ်နှစ်လုံး အချိန်ပြည့် အကွေးဟုရေရွတ်ခဲ့သူသည် တစ်သော်တည်းသော်နေတာကို မြင်နေ၊ ကြားနေရတာမို့ ညီမဖြစ်သူကို သတိမှ ရသေးပါရဲ့လားလို့ တီးခေါက်ကြည့်မိသည်။

မနာလိုခြင်းတွေနဲ့ သတိပေးတာမဟုတ်ပဲ ညီမတွေကို သိပ်ချစ်တတ်တဲ့ အကိုအကြီးဆုံး ရောင်နီဝန်းကို အချစ်ကြောင့် အရာအားလုံးကို မေ့လျော့ထားသူဖြစ်သွားမှာ စိုး၍ဖြစ်သည်။ အဝန်းတို့ မောင်နှမတွေကြားက မေတ္တာကို ကြည်သာသိသည်။ သို့သော် အခုအဝန်း၏ စိတ်အခြေအနေကိုလည်း သူနားလည်သည်။

အချစ်တွေကြားမှာ မျှတစွာနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ သူတစ်ယောက်ဖြစ်စေချင်သည်။ အဝန်းကို စိတ်သဘောထား၊ မေတ္တာတရား ကြီးမားသူအဖြစ်နဲ့ ရှင်သန်သွားစေချင်သည်က ကြည်သာ့၏ စစ်မှန်တဲ့ စေတနာပင်။

"အခုဆက်လိုက်ဦးမယ်....."

ကြည်သာ အပြောကြောင့်ပဲ ညီမဖြစ်သူကို သတိတရဖြစ်မိကာ ပြန်လာသည့်ရက်မှစ၍ ယနေ့တိုင် သူမတို့ထံ မဆက်သွယ်ရသေး။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now