အပိုင်း (၃၄)

752 53 21
                                    

"အဝန်း...."

ကျွန်တော်က လှည့်ကြည့်တယ် ဆိုရုံရှိသေးသည်။

"နွဲ့က ဘယ်လိုရောက်နေတာလဲ..."

လှေကားကနေ ဆင်းလာရင်းဖြင့် အကိုက သူ့နာမည်အားရေရွတ်သူ မမနွဲ့ကိုမေးသည်။ ဒီတော့ ကျွန်တော်က ဒီတိုင်းပဲ နှုတ်ဆိတ်နေရုံသာ တတ်နိုင်တော့သည်။

"နွဲ့တို့အိမ်မှာ ထမင်းစားဖို့ လာဖိတ်တာ။ လိုက်ခဲ့မယ် မဟုတ်လား အဝန်း...မေမေကလည်း အဝန်းကို စောင့်နေတာရယ်။"

"အခုနေ့လည် လား နွဲ့..."

"အင်းလေ...ဘာလဲ အဝန်းနဲ့ အောင်က ကြိုပြီး ချိန်းထားကြတာများလား။"

"အဲ့လိုလည်း မဟုတ်ပါဘူး။ ကျောင်းဆင်းချိန် ထမင်းအတူစားနေကြဆိုတော့...ကြိုပြီးချိန်းထားတာမဟုတ်လည်း ကိုယ်တို့က ဆုံနေကြပဲလေ။"

ကျွန်တော်ကတော့ အကို့အပြောကို တော်တော်လေး ဘဝင်ခိုက်မိပါသည်။ ဟုတ်သည် အကိုနဲ့ ကျွန်တော်နဲ့ကြား ကြိုတင်ပြီး အချိန်းအချက်တွေ လုပ်နေစရာမှမလိုတာ။ ကျွန်တော်တို့က အမြဲတွေ့နေ၊ ဆုံနေ ကြတာပဲ။

"ဒါဆိုလည်း ဒီနေ့တော့ နွဲ့ကို လိုက်လျောလိုက်ပေါ့။ အဝန်းတို့က နေ့တိုင်းလည်း အတူစားဖြစ်နေကြတာပဲဟာ...."

သူမရဲ့ ဆံနွယ်အရှည်တွေကို နားရွက်နောက်ကို သိမ်းပြီး မျက်လွှာလေးအောက်ငုံ့ကာ မိန်းမဆန်သော အမူအရာတို့ဖြင့် ပြောလေပါတဲ့ ထိုစကားမှာ အကိုမှမဟုတ်ပါဘူး ကျွန်တော်ဆိုရင်တောင်မှပဲ လက်ခံခေါင်းငြိမ့်မိမှာဖြစ်သည်။

"အင်း...ဒါဆို ခဏနော် နွဲ့။"

အကိုက ကျွန်တော့်လက်ကို ဆွဲပြီး မမနွဲ့ရှေ့ကနေ ထွက်ခွာလေသည်။

"ကိုယ့် သော့်ကို ကန်တင်းအထိလိုက်ပို့ပေးဦးမယ်။"

မိန်းမသားဖြစ်တဲ့ မမနွဲ့ကို ဒီတိုင်းထားခဲ့ပြီး ကျွန်တော့်ကို အရင် ကန်တင်းလိုက်ပို့ပေးရအောင် ကျွန်တော်က ကလေးလားဗျာ။ ဒါကြောင့်ပဲ...
"အကို သွားမှာကို သွားပါ၊ ကျွန်တော် သွားတတ်တာပဲကို။"

ကျွန်တော့်စကားဆုံးပြီးနောက်မှာတော့ အကိုက ခြေလှမ်းတွေကို တုန့်ခနဲရပ်တန့်ပစ်ပြီး ကျွန်တော့်ဘက်သို့ ကြည့်သည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now