အပိုင်း (၄၇၊ ဒုတိယပိုင်း)

965 45 24
                                    

"ကိုကျော်လေး ထ..ထ၊ အတန်းချိန်နောက်ကျတော့မယ်။"

တွေ့သမျှစာအုပ်အကုန် လွယ်အိတ်ထဲ ထိုးထည့်နေရင်းမှ မြတ်ဘုန်းက ပြည့်ဖြိုးကျော်ကို နှိုးလေသည်။

သို့သော်လည်း ဘောလုံးဘောင်းဘီ တစ်ထည်တည်းဖြင့် ခွေခေါက်ကာ အိပ်နေရှာသည့် ပြည့်ဖြိုးကျော်သည် အခုအချိန်အထိ အိမ်မက်ကမ္ဘာထဲမှ ထ,မလာသေးပေ။ ဒါကို မြတ်ဘုန်းကလည်း ဆက်မနှိုးတော့ပဲ...
"အကိုကြီး...ကိုကျော်လေးကို နိုးဦးဗျာ။ ကျွန်တော် နောက်ကျနေလို့။"

ဧည့်ခန်းမှာ လက်ဖက်ရည်ထည့်နေသော အဝန်းကို ပြောကာ ချက်ချင်းပဲ ပြေးထွက်သွားသည့် မြတ်ဘုန်းကြောင့် အဝန်းသည်...
"သိမ့်သိမ့်ကို ဖုန်းဆက်ဦးမှ.." ဟု ခပ်ကျယ်ကျယ်အော်လိုက်လေသည်။

"ထ,ပြီဗျို့..."

ချက်ချင်းပဲ အိပ်ရာကနေထ,လာသည့် ကျော်လေးသည် မျက်နှာသစ်ဖို့ရန်အတွက် ဆပ်ပြာခြင်းယူလာသည့်တိုင် မျက်လုံးနှစ်ဖက်က မှိတ်ထားဆဲပင်။ မျက်စိမှိတ်ပြီး အဆောင်ထဲကနေ ထွက်သွားသည်က ကျောက်စည်အရောက် တန်းလို့။

ဘုန်း !!!

"ဟေ့ကောင်..."

ကြီးမားသည့် ကျောက်ဆောင်နှင့် တိုက်မိသည်မဟုတ်ပဲ မီးတောင်တစ်ခုနှင့်တိုက်မိသည့်နှယ် အသံသည် ပေါက်ကွဲအားက ပြင်းထန်လွန်း၏။

"တောင်းပန်ပါတယ် ကိုသက်...ကျွန်တော် မမြင်လိုက်လို့ပါ။"

"စောက်လုံးကို မှိတ်ပြီး လမ်းမလျှောက်နဲ့လို့ ဘယ်လောက်ပြောပြောနော် မင်း..."

မျက်နှာသစ်ပြီးကာစ နုဖက်အုအက်နေသည်နှင့်မလိုက်အောင် ဟောက်စားလုပ်နေရှာသည့် ကိုသက်ကို ပြည့်ဖြိုးကျော်ကြောက်ပါသည်။ ထို့ကြောင့် ဘာမှခွန်းတုန့်မပြန်ရဲပဲ ကုတ်ချောင်းချောင်းနဲ့ပဲ ကိုသက်ရှေ့ကနေ ထွက်ခဲ့လိုက်သည်။

"အချိုးကို မပြေဘူး...."

ပြည့်ဖြိုးကျော်က ရေစည်နားကို ရောက်နေပြီဖြစ်သော်လည်း ထုံးစံအတိုင်း သက်လျာ၏ ဒေါသစိတ်တို့က ပြေလျော့မသွားသေးပေ။

"ငါ့အတွက်ရော..."

လက်ဖက်ရည်သောက်ဖို့ရန်အတွက် ခွက်ကလေးကိုင်သည်ဆိုရုံမျှရှိသေးသည်။ မတတ်နိုင် ခွက်ကို စားပွဲခုံမှာ ပြန်ချလိုက်ပြီး အိတ်ထဲရှိ လက်ဖက်ရည်အား ခွက်အလွတ်ထဲသို့ ပြောင်းလဲထည့်လိုက်ပြီး ကိုသက်ရှေ့သို့ ချပေးလိုက်ရသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)حيث تعيش القصص. اكتشف الآن