အပိုင်း (၁၉)

790 66 23
                                    

"ဘာစားမလဲ သော်။ ခေါက်ဆွဲ၊ ကြာဇံ၊ မုန့်တီ...."

"ကျွန်တော် တော်ပြီ အကို။ မမနွဲ့တို့အိမ်မှာ စားလာခဲ့တယ်။ အကိုပဲစားလေ...."

တကယ်ဗိုက်ပြည့်နေတာမို့ ငြင်းဆန်လိုက်ခြင်းက ကျွန်တော့် ကောင်းကင်ကြီး ညိုမည်းသွားဖို့ရန်အတွက်ရည်ရွယ်ခြင်းမဟုတ်ရပါ။ သို့သော် ချက်ချင်းပဲ မည်းညိုလာတဲ့ တိမ်ဆိုင်ဖြူဟာ...

"အဲ့ဒီအိမ်ကိုနေ့တိုင်း သွားနေတာပဲလား သော်။"

မျက်မှောင်ကျုံ့လို့ မေးတဲ့ ဒီစကားက ခြောက်ခြားဖွယ်အတိပင်။ ပြန်ဖြေရမှာကိုပင် ခပ်လန့်လန့်ဖြစ်နေ မိသည်။ သို့သော်လည်း ကျွန်တော့်ပြန်ဖြေသံကို မကြားလို့လားတော့ မသိ ရေးနွေးခွက်ကောက်ကိုင်ရင်းမှ မော့ကြည့်တဲ့ အကို့မျက်လုံးတွေက စူးရဲရဲ။

"နေ့တိုင်း သွားတာ မဟုတ်ပါဘူး။ နှစ်ရက်ပဲရှိသေးတာ"

မျက်မှောင်ကျုံ့လို့ တည်တင်းကြည့်နေတဲ့ အကိုကြောင့်ကျွန်တော့်မှာ နေစရာပင် မရှိအောင်ဖြစ်သွားရသည်။

"အကို..."

ဘာမှမပြောပဲ သူ့အတွက်လာချပေးတဲ့ ကြာဇံသုပ်ကို ကြောက်စရာကောင်းအောင်ဝါးနေတဲ့ အကို့ပုံစံကို မြင်နေရတာ ကျွန်တော်စိတ်ထဲ တော်တော်လေးကြောက်လန့်နေမိသည်။ အခုကျွန်တော်ရှေ့မှာ ရှိနေတဲ့အကိုက ကျွန်တော်သိတဲ့အကိုမဟုတ်သလိုပဲ။

ရယ်မောနေတဲ့ အကို့ပုံစံအစား မာကြောခြင်းတွေခြုံလွှမ်းထားတဲ့ အကို့ပုံစံက ကျွန်တော့်အတွက်ကြောက်လန့်မှုတွေဖြစ်ပေါ်စေပါသည်။

"...."

ကျွန်တာ့်ကို တစ်ချက်သာ မော့ကြည့်ပြီး အောက်ပြန်ငုံ့ကာ စားသောက်ပြန်တဲ့ အကို့ကြောင့် နောက်ထပ်ဘာမှ ထပ်မဟရဲအောင်ကိုဖြစ်ရသည်။

ပိုက်ဆံရှင်းပြီး ဆိုင်ကနေထ,ပြန်တော့လည်း ကျွန်တော့်ကို မစောင့်ပဲ ခြေလှမ်းအကျဲကြီးတွေနှင့် အမြန်လျှောက်သည်။ အကို့ကို မှီအောင် ခပ်မြန်မြန်လှမ်းပြီး လျှောက်သော်လည်း အပြေးတစ်ပိုင်းလို ပုံစံမျိုးနှင့် လိုက်ပြေးမှ အကို့ကိုမှီသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now