" ကျွန်တော်သွားလိုက်လဲ ဖြစ်နေတာကို အကိုရာ။"
"ကိုယ်က သော့်ကို ကူပေးချင်လို့ပါ။ ပေး ပေး..."
ကျွန်တော် လက်ထဲတွင် ပွေ့ပိုက်ထားသော စာအုပ်တို့အား လွှဲပြောင်းယူသည့် အကို့ပုံစံကို ကျွန်တော့်မှာ သိပ်ပြီး မသင်္ကာချင်ဖြစ်နေရသည်။
"လေပြေ့ကို တစ်ခုခုများ အစာမကြေတာရှိထားလား အကို။"
စာအုပ်တွေကို အကို့လက်ထဲသို့ လွှဲပြောင်းပေးလိုက်ပြီးနောက်တွင် သိချင်တာလေးကို ခပ်တိုးတိုးလေး ကျွန်တော်မေးမိသည်။ တစ်ခါတစ်ရံ အကို့ဘက်က ဤသို့ အပြုမူ အထူးအဆန်းများလုပ်လျှင် အကို့ဉာဏ်ရည်ကို လိုက်မမှီသော ကျွန်တော်သည် အကို့အား ပွင့်ပွင့်လင်းလင်းပင် ထုတ်မေးတတ်သည်။
ဒါမှ အကိုနဲ့ ကျွန်တော့်ကြား သိလိုမှု တံတိုင်းကြီး ခြားမနေမှာဟု ကျွန်တော်ယူဆထားသည်။
"မဟုတ်ပါဘူး။ ရော့လေ သော်ကိုယ်တိုင်ပို့ချင်တယ်ဆိုလည်း..."
ခပ်တည်တည်နဲ့ စာအုပ်တွေကို ကျွန်တော့်ထံ ပြောင်းလဲပေးဖို့ လုပ်လာတဲ့ အကိုရယ်ကြောင့် ကျွန်တော့်ဘက်က ပြာပြာသလဲ ငြင်းရသည်။
"ဟင့်အင်း။ မပို့ချင်ပါဘူး။
ကျွန်တော်က ဒီတိုင်း အကို ဘာတွေများ ချင့်ချိန်နေသလဲ လို့ သိချင်လို့....""မဟုတ်ပါဘူး။ ကိုယ်နဲ့ လေပြေ တစ်ခုခုဖြစ်ကြမှာ ကြောက်နေတယ်မဟုတ်လား။ လိမ်နေတယ်နော် ကောင်လေး "
အကိုက ထိုသို့ ဒဲ့တိုးပြောလာတော့ ကျွန်တော့်မှာ မငြင်းနိုင်တော့ပေ။ တကယ်ဆို လေပြေနဲ့မှမဟုတ်ပါဘူး ကျန်နှစ်ယောက်နဲ့လည်း အကိုနဲ့ မတည့်မှာကိုလည်း ကျွန်တော်မလိုလားပါ။ ကျွန်တော် ချစ်တဲ့ သူတွေကို အချင်းချင်း ပြေလည်စေချင်သည်က ကျွန်တော့်စိတ်ဆန္ဒ။
တစ်ခုရှိသေးတာက လူတွေအားလုံးနဲ့ အဝေးမှာ အကိုတစ်ယောက်ပဲ တည်ရှိနေမှာမျိုးကို ကျွန်တော် မလိုလားပေ။
"ကျွန်တော်ကလေ အကိုတစ်ယောက်ထဲ ဖြစ်သွားမှာ သိပ်ကြောက်တာ။""ဘာဖြစ်လို့..."
"အကိုတစ်ယောက်တည်း အထီးကျန်နေမှာ စိုးလို့လေ။ ကျွန်တော်နဲ့အတူ ရှိနေရင် ကိစ္စမရှိပေမယ့် ကျွန်တော်မရှိနိုင်တော့တဲ့ အနေအထားမှာ အကိုနဲ့ကျွန်တော် ဝေး..."