"ထမင်းစား..."
အိမ်နောက်ကနေ ထွက်လာသည့် ကောင်းဟာ ကျွန်တော့်ကကိုမြင်မြင်ချင်းမှာပဲ ပြောဆိုမည့်စကားတို့ ရပ်တန့်သွားသည်။ ကျွန်တော့်ဆီကို အားနာမှုမျက်လုံးတွေနဲ့ကြည့်နေသည်ကြောင့် နောက်ထပ်နားမလည်နိုင်စရာ တစ်ခုတိုးရပြန်သည်။
"ကောင်း ဒီမှာဧည့်သည်၊ အလုပ်ရှင်နဲ့ စကားပြောလိုက်ဦး...လာ သမီးတို့၊ တို့တွေထမင်းဝိုင်းကို သွားရအောင်"
"သမီး သမီး..ခဏနေဦးမယ်။"
"အလင်း လာဆိုလာ..."
ကျွန်တော့်အနားသို့ လာဖို့ပြင်နေသော အလင်းကို လက်ကနေဆွဲခေါ်ကာ အိမ်နောက်ထဲသို့ ဝင်သွားသည့် လခြမ်းကွေးအဖေ၏နောက်သို့ လခြမ်းကွေးပါလိုက်သွားလေသည်။
"ဒီနေ့ဘာဟင်းချက်လဲ အဖေသိလား၊ ကောင်းလက်ရာကလေ...."
သူမအဖေနောက်ကနေ စကားတွေရွှန်းရွှန်းဝေအောင် ပြောဆိုနေသည့် လခြမ်းကွေးကို ကျွန်တော်အားကျရပြန်သည်။
"အကို..."
"ဟင်..ပြောလေ ကောင်း"
"ကျွန်တော် တောင်းပန်ပါတယ်.."
ညှိုးငယ်နေတဲ့ မျက်ဝန်းတွေနဲ့ ဘာအတွက်ကြောင့်များ တောင်းပန်စကားဆိုနေရသလဲဆိုတာကို ကျွန်တော် တကယ်ပဲ နားမလည်နိုင်တော့ပေ။
"ကိုယ်တို့ အေးအေးဆေးဆေးစကားပြောကြရအောင်။ ကိုယ်အခု ဘာကိုမှလိုက်မမီတော့ဘူး"
"ဒီဘက်မှာ သွားပြောရအောင်..."
ကောင်းမြတ်သော ပြောသည့် ဒီဘက်ဆိုသည်ဟာ အကိုတို့ အိမ်၏အပေါ်ထပ်ကိုပြောတာဖြစ်သည်။ အိမ်နှစ်လုံးကို ဆက်၍ဆောက်ထားသည်မို့ တော်တော်လေး ကျယ်ဝန်းသည်။
"ဒီအခန်းမှာ အကိုနားလေ.."
"အကို့အခန်းကရော..."
အလွှတ်မဲ့စွာနဲ့ ထုတ်မေးလိုက်တော့ ကောင်းက ကျွန်တော့်ထံအကြည့်တစ်မျိုးနဲ့ကြည့်လာလေသည်။ဒီအကြည့်ကို နေရခက်စွာနဲ့လက်ခံလိုက်ရင်း...
"ဒီဖက်က အကိုကြီးအခန်း၊ ဘေးကတော့ အလင်းရဲ့အခန်း အကို..."