အပိုင်း (၅၁)

881 63 20
                                    

ပြင်သစ်ပြန် လက်ဆောင်အဖြစ် ရေမွှေးပုလင်းတွေ ဝယ်လာပေးသော အကွေးသည် သော်နဲ့များတွေ့...မဖြစ်နိုင်ပါ။

လက်ထဲရှိ ပုလင်းသေးသေးလေးအား ကိုင်ကြည့်ရင်းဖြင့် သူသည် အတွေးများနေရသည်။ ပုလင်းအရောင်၊ပုံစံကအစ ရနံ့အဆုံး တစ်ပုံစံတည်းတူနေသည်က တစ်ဦးတည်းက ထုတ်လုပ်တာသေချာသည်။ သို့သော်လည်း မဖြစ်နိုင်ပါ။

အကွေးသာ သော်နဲ့တွေ့ခဲ့သည်ဆိုလျှင် ယခုကဲ့သို့ရှိနေမည်မဟုတ်ပါ။

"အောင်ကလေ သိပ်အသံကောင်းတာ အဝန်းရဲ့..."

ဖုန်းပြောစဥ်က ကြားခဲ့ရသော စကားတစ်ချို့က သူနားထဲ ပြန်လည်လို့ ဝင်ရောက်လာခဲ့သည်။

အကွေးပြောသော အောင်သည် သူရဲ့သော်ပဲဖြစ်နေမည်လား။

ဘုန်း!!!

စာအုပ်ဖြင့် နောက်ကျောကို ရိုက်ချသူဟာ အလင်းပင်။

"ဖုန်းသံမကြားဘူးလား။"

"ကျစ်..ငါပြောတယ်နော် ငါကအကို၊ နင်မေ့နေမှာ စိုးလို့ သတိပေးတာ။"

ထိုင်နေလျက်ကပင် ညီမငယ်အား ပေစောင်းစောင်း ကြည့်ရင်းပြောလိုက်သည်။ ထိုအခါသူမသည် အဝန်းဘေးတွင် ဝင်ထိုင်ပြီးချက်ချင်းမှာပဲ ခြေချိတ်ကာ လက်ပိုက်၏။ တကယ့်ဆရာမကြီးအလင်းဟာ အချိန်တိုင်းမှာ ကျော့ရှင်းနေဟန်တို့ အပြည့်နှင့်ဖြစ်သည်။

"ကြယ်စင်လင်းရဲ့အကိုသာဆိုရင် အမှားလုပ်မှာ မဟုတ်ဘူး။"

"အံမာ..ဒါဆို ငါကဘယ်သူလဲ"

"အကိုတော့ အကိုပဲ၊ ဒါပေမယ့် ငါလေးစားရတဲ့အကိုမဟုတ်ဘူး။"

ပြောပြီးနောက်တွင် သူမသည် မျက်နှာဘေးရောက်နေသော ဆံနွယ်တို့အား လက်ဖြင့်သိမ်းယူပြီး နားရွက်နောက်သို့ပို့လေသည်။ ကျန်လက်တစ်ဖက်ကမူ သူမ၏ပေါင်ပေါ်တွင် ဖြန့်ကားလျက် လက်ချောင်းအလှတို့အား တမင်ပင် ဖော်ညွှန်းထားသကဲ့သို့ ရှိနေသည်။

အချိန်ပြည့် ဆန့်တန်းထားသော သူမ၏ခါးသွယ်သွယ်သည်လည်း မြန်မာဝမ်းဆက် အစိမ်းနုရောင်လေးဖြင့် ပေါ်လွင်လျက်ရှိနေသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now