"ဒီအမတော့ ပျံလွှားမလို့ခေါ်ရင်ရနေပြီ။"
အိမ်နားကိုရောက်မှ ကြမ်းတမ်းစွာနဲ့ရေရွတ်တဲ့ အကို့အသံကြောင့် ကျွန်တော့်မျက်လုံးတွေဟာ မှေးစင်းနေရာမှ ပြူးကျယ်လို့လာနေပြီ။
"ဟိုမှာလေ..."
အကိုမေးငေါ့ပြတဲ့ နေရာကိုကြည့်လိုက်တော့ အကိုတို့အဆောင်ရှေ့မှာ တောင်လျှောက်မြောက်လျှောက်လုပ်နေတဲ့ အရိပ်တစ်ခု။ မီးရောင် လင်းသည့် နေရာမှာ သူမမျက်နှာကို မြင်လိုက်ရတော့ သူမဟာ ကျွန်တော်တို့သီချင်းသွားဆိုဖူးသည့် အိမ်က သရဖူဆိုသည့် အမဖြစ်နေသည်။
ည၈နာရီ ထိုးကာနီးမို့ ဒီအချိန်ကြီး ယောကျာ်းလေးအဆောင်ရှေ့မှာ အခုလိုမျိုး တဝဲလည်လည်လုပ်နေတာက တကယ်တော့ မသင့်တော်ဘူးဟု ကျွန်တော်ထင်မိသည်။
"အဝန်း..."
အမယ် ဟိုအမက အကို့ကို လက်ပြလို့ အကို့နာမည်ကို ခေါ်သည်။ အမသရဖူဆီ ကြည့်နေရာမှ ကျွန်တော့်အကိုရှိရာဘက်သို့ မော့ကြည်မိတော့ အကို့မျက်နှာက မဲ့ရွဲ့နေတာ မြင်လို့တောင်မကောင်း။တစ်ခြားသူရဲ့ အမြင်မှာပြောပါတယ်။
"ကြည်သာ ဘယ်သွားလဲဟင်။ ငါ သူနဲ့ တွေ့ချင်လို့"
ပခုံးမှာတင်ထားသည့် သူ့လက်ကိုင်အိတ် အကြီးကြီးကို ပခုံးပေါ်အထိ လက်ချောင်းတွေဖြင့်ကိုင်တွယ် ဖိထားရင် ကျွန်တော်တို့ရှိရာဘက် အပြေးတစ်ပိုင်းနဲ့ ရောက်လာသည်က အကိုပြောပါတဲ့ ငှက်မျိုးလိုပင်။
"ကျွန်တော် မသိဘူး။ နေ့လည်ထဲက အကိုကြီးနဲ့ မတွေ့တာ။"
အတည်ပေါက်နဲ့ ပြောနေတဲ့ အကို့မျက်နှာမှာ လိမ်နေတဲ့ အရိပ်အယောင်တို့ကို အနည်းငယ်လေးမျှမတွေ့ရပါ။
"ဘယ်လိုလုပ်မလဲ။ ငါက သူနဲ့တွေချင်လို့ပါဆို...."
ခြေစောင့်ရုံမျှတင်မဟုတ်ပဲ ခန္ဓာကိုယ်တစ်ခုလုံး စောင့်အောင့်ပြီး ပြောပုံက ကျွန်တော်သာ မြေကြီးဆိုရင်လေ ချက်ချင်းပဲ မြိုချလိုက်ချင်စိတ်တွေ ဖြစ်ပေါ်နေသည်။
"ကျွန်တော့်ကို ခွင့်ပြုဦးအမ။ ကလေးက နေကောင်းချင်တာ မဟုတ်ဘူး။"