အပိုင်း (၉)

924 64 13
                                    

"အကိုကြီး အဆောင်ရှာနေတယ်ဆို။
ကိုသန့်က ပြောလိုက်တာ။ ဘယ်လိုဖြစ်တာလဲဗျာ...."

စက်ဘီးကို ဒေါက်ထောက်ပြီးနောက်တွင် အဆောင်ထဲသို့ ခြေလှမ်းအကျဲများဖြင့်လျှောက်လာရင်း ပြောသည့် ထိုစကားသည် တော်တော်လေးကို ကျယ်လောင်လွန်းသည်။

"ဘယ်အကိုကြီးလဲ ဟေ့ကောင်....."

ပုဆိုးခါးဖုံစ ကို လက်ဖြင့်မြှောက်ကိုင်လျက် အခန်းတံခါးဝကနေ မေးနေသော သက်လျာသည် အခုမှ အိပ်ရာကနေ ကုန်းရုန်းပြီး ထ,လာသည့်ပုံစံပင်။

"အကိုကြီးကြည်သာလေ ကိုသက်။ ကျွန်တော့်ကိုလည်း ကိုသန့်ပြောလိုက်တာ။ သူတို့အဆောင်မှူးဆီ ဖုန်းဆက်ပြီး အခန်းအလွတ်ရှိသေးလား မေးတယ်တဲ့။"

သူ့အခန်းတံခါးကနေ သက်လျာအခန်းဆီသို့ကြည့်ရင်း ရှင်းပြနေသည့် ရောင်နီဝန်းကို ကြည်သာ စောင့်ကန်လိုက်ချင်သည်။ ထိုသို့ စောင့်ကန်ဖို့ရန်အတွက်ဆို ဒီကောင်လေးရှိရာသို့ သွားရမည်။ ဒီကောင်လေးရှိရာသည် သက်လျာ မျက်နှာမူနေရာ အရပ်ဖြစ်သည်မို့ ကြည်သာမှ မလာရဲပဲဖြစ်နေရသည်။

"နိုးပြီလား အကိုကြီး....."

အစထဲက သူထိုင်နေရာကို သိပါလျက်နှင့် နိုးပြီးလား အကိုကြီးဟု ဘာကြောင့်ပြောသည်မသိလိုက်ခင်မှာပဲ ကြည်သာအခန်းအတွင်း ဝင်ရောက်လာပြီဖြစ်တဲ့ သက်လျာ။

"ဘာသဘောလဲ ကြည်သာ။
မင်း တကယ်ပဲ ဘာတွေလုပ်နေတာလဲ"

ကုတင်ပေါ်မှာ ခေါင်းအုံးမှီလို့ ထိုင်ပါသော ကြည်သာ၏ လည်ပင်းအင်္ကျီစကို ဆွဲကိုင်လို့ မေးနေသည့် သက်လျာရဲ့ ပုံစံက တော်တော်လေးကို ဒေါသ ထွက်နေသည့်ပုံစံဖြစ်သည်။

"လွှတ်ဦး သက်လျာ။"

"မင်း ပြော...မင်း ဘာစောက်ချိုးတွေ ချိုးနေတာလဲ ဆိုတာ ပြော!!!"

ကြည်သာကို စောင့်တွန်းလိုက်ပြီးနောက်မှာ ကြည်သာ့ကုတင်ပေါ်မှာ တတ်ထိုင်သည်အထိ သက်လျာရဲ့မျက်နှာက ရဲစပ်နေတုန်း။ ကြည်သာ့မှာလည်း သူခိုးလူမိဆိုသလို သကြားလုံးခိုးစားတာကို အမေသိသွားလို့ ကြောက်နေသည့် ကလေးပုံစံ။ အခန်းတံခါးဝမှာလည်း လက်ပိုက်လို့ရပ်ကြည့်နေသည့် ရောင်နီဝန်းသည် သူတို့နှစ်ယောက်ကို ဘာမှမပြောပဲ ငြိမ်သက်နေလေသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now