အပိုင်း (၂၃)

780 67 33
                                    

"အကို ဒီရက်ပိုင်း အလုပ်ရှုပ်နေသလိုပါ။ ကန်တင်းမှာလည်း မတွေ့ဘူး။ အဆောင်ပြန်ရောက်လည်း ခဏနေရင် အဆောင်မှာ အကိုမရှိတော့ဘူး။ ဘာတွေ ဒီလောက်ထိများ အလုပ်ရှုပ်နေတာလဲ အကို..."

မနက်ပိုင်းကျွန်တော်နဲ့အတူ ကျောင်းသွားသည့်အချိန်နှင့် ညနေပိုင်း ကျွန်တော်နဲ့အတူ အဆောင်ပြန်သည့် အချိန်မှလွဲ၍ ဒီလေးရက်မှာ အကို့နဲ့မျက်နှာချင်းမဆိုင်ဖြစ်တာမို့ အခုပိတ်ရက်မှာ အမိလာဖမ်းပြီး မေးရခြင်းဖြစ်သည်။

ဒါတောင် အကိုက စာတွေသည်းကြီးမည်းကြီး ကူးရေးနေတာဖြစ်၏။

"ကိုယ့်ကို စာရေးကူမလား သော်။ နေပါစေလေ သော် ပင်ပန်းမှာစိုးတယ်။ကိုယ်..."

ဆက်မပြောပဲ ရပ်တန့်သွားပါတဲ့ အကို့စကားက ကျွန်တော့်စကား၏ အဖြေမဟုတ်သော်လည်း ချစ်နေရသူကျွန်တော့်မှာတော့ မငြိုမငြင်ပဲ စကားဆုံးသည်အထိ ကြားချင်မိပါသည်။ ထိုကြောင့်ပဲ...
"ဆက်ပြောလေ အကို.."

"ဟမ်။ ဘာမှမဟုတ်တော့ပါဘူး။ ဒါနဲ့ ကိုယ်ဒီရက်ပိုင်း မအားဘူးဖြစ်နေလို့။"

"အင်း သိတယ်လေ။ အကို ဘာတွေလုပ်နေသလဲသာ မသိတာ။"

"ဒါက..."

ဒါကဆိုကာ စကားကို ရပ်တန့်ထားပြန်သည်။ အကိုဟာလေ တကယ်ပဲ ကျွန်တော်ဦးနှောက်ကို အနားမပေးသည့် သူစား။ တကယ် ....တကယ် တစ်ခုမဟုတ် တစ်ခုနဲ့ အကိုကြောင့် ကျွန်တော့်မှာ တွေးရမြဲ။

အခုလည်း ကျွန်တော်က မျက်မှောင်ချုံ့ပြီး သူ့ကို စောင်ကြည့်နေတာကို မြင်သွားကာမှ..
"ညနေရောက်ရင် ကိုမြတ်တို့အိမ်တက်ပွဲရှိတယ်။ သော်လိုက်ခဲ့လေ။"

"မလိုက်ချင်ပါဘူး။ ကျွန်တော်နဲ့မှ မသိပဲ။"

"လိုက်ခဲ့ပါ သော်ရ။ ကိုယ်ပါတာပဲ။
ညနေ၅နာရိီလောက်သွားမှာ။ အကိုကြီးတို့လည်း ပါတယ်။ သော် ပျင်းရမှာ မဟုတ်ပါဘူး။"

"အဲ့လိုဆိုလည်း လိုက်ခဲ့မယ်။ အကိုမရှိတော့ ကျွန်တော်လည်း ဒီရက်ပိုင်း တော်တော်လေး ပျင်းနေတာ။"

"ကိုယ်မရှိရင် မနေတတ်တော့ဘူးလား သော်..."

"ဗျာ။"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now