အပိုင်း (၄၈)

879 57 44
                                    

ကျောင်းပိတ်သည့် နံနက်အချိန်ဟာ မောင့်ကိုနှိုးရင်းနဲ့ပဲ ကုန်ဆုံးခဲ့ရသည်။ မောင်ဟာ သိမ့်ထက် နှစ်နှစ်ငယ်သည်။ မောင်ဟာ သိမ့်အချစ်ကိုရဖို့အတွက် ခက်ခက်ခဲခဲနဲ့ကြိုးစားခဲ့ပြီး အခုချိန်ထိလည်း မောက်ဟာ သိမ့်ကိုပဲ ရှေ့တန်းတင်သူဖြစ်၏။

ဤသို့ လိမ္မာလွန်းသော မောင်သည် ပိတ်ရက်မနက်ခင်းတွေမှာတော့ သိမ့်စိတ်ညစ်ရသည်အထိ ဂျစ်တတ်လွန်းအားကြီးသည်။ သို့သော်လည်း သိမ့်သည် ယခုအချိန်ထိမောင့်အပေါ် စိတ်ပျက်ပဲ လာနှိုးစမြဲဖြစ်သည်။

နံနက်၆နာခွဲ၊ ပုံမှန်အချိန်ထက် ၁နာရီစောပြီးလာခဲ့သည်ကို မောင်သာသိရင် သိမ့်ကို ဂျစ်ကန်ကန်နဲ့ စူပုတ်ပုတ်လေး လုပ်ပြမှာကို ကြိုတွေးပြီး ပြုံးမိသည်။

စက္ကူပင်တွေအနားကို ရောက်တော့ မောင့်အပြောလေးကို သိမ့်ကြားယောင်လာမိသည်။

"မောင်က သိမ့်ကိုစက္ကူပန်းတွေနဲ့အတူ တွေ့လိုက်တော့ သိပ်ချစ်မိသွားတာ..."

ဒီနေရာတွင် သိမ့်အပေါ် မောင့်ရဲ့ရင်ခုန်သံတို့ စပျိုးခဲ့သည့် အခိုက်အတန့်လေးဖြစ်ခဲ့သည်။ မောင်ဟာလေ သိမ့်ရဲ့အချိန်တွေတိုင်းကို စိုးမိုးနိုင်လွန်းပါသည်။ မောင့်ရဲ့အပြောတွေအောက်မှာ သိမ့်ရဲ့မှတ်ဉာဏ်တို့က အကြိမ်ကြိမ်အခါခါမှတ်သား ထားရစမြဲဖြစ်သည်။

ထိုသို့ အပြောကောင်းလှသော မောင်သည် ရည်းစားစကားကိုလည်း သူ,မတူအောင်ပြောတတ်ခဲ့ပါသည်။ ရည်းစားစကားသည် မောင့်ရဲ့မူပိုင်စကား မဟုတ်သော်ငြား သိမ့်ကို ပြောချင်သည့် မောင့်ရဲ့ စိတ်ဆန္ဒကို သိမ့်အသိမှတ်ပြုသည့်အနေဖြင့် ယခုတိုင် မောင်ပြောခဲ့သည့် ထိုစကားလေးကို သတိရနေဆဲပင်...

"ကျွန်တော်ကလေ ပဥ္ဓဝီသတိနှစ်ခါပေါင်းခြင်းရဲ့ရလဒ်ကို ပညာသနဲ့မြှောက်ထားပြီး၊ ပညာသနဲ့ဒဿမမြှောက်ခြင်းရဲ့ ရလဒ်နဲ့ ပေါင်းမှရတဲ့အချစ်မျိုးနဲ့ သိမ့်အပေါ်မှာ ချစ်မြတ်နိုးမိသွားတာပါ...."

အဲ့ဒီအချိန်တုန်းက မောင့်စကားကြောင့် သိမ့်မှာ အူလည်လည်နဲ့....
"မောင်လေး ဘာပြောတာလဲဟင်" လို့ ကြောင်တောင်တောင်လေး မေးဖြစ်ခဲ့သေးသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now