"အဝန်း လာတော့..."
စိတ်မရှည်ပါတဲ့ ထိုအော်သံဟာ ကိုသက်ကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာတဲ့လဲဗျာ။
"လာပြီ..."
စာရွက်လေးကို အသေအချာပြန်ခေါက်ပြီး စာအိတ်ထဲပြန်ထည့်လိုက်ကာ အိတ်ကပ်ထဲကို ထည့်ခဲ့လိုက်သည်။
"ဒီမှာ ကြည့်လိုက်..."
အစောက အသံနှင့်မတူပဲ ကြည်နူးနေပါတဲ့ ကိုသက်ရဲ့ အသံနှင့် ဟန်ပန်တို့က ကလေးလေးတစ်ယောက်လိုပဲ။ သူလုပ်နိုင်ပါတယ် ဆိုတာကို ကြွားဝါချင်တဲ့ ကလေးလိုပဲ၊ ဖွေးဖွေးသေးသေးနဲ့ ကိုသက်ကလေ ဒီလိုဆိုတော့ တကယ်ကို ချစ်စရာကောင်းပါသည်။
"ကိုသက် တကယ်တော်တာ ကျွန်တော် သိသားပဲ။"
မတ်တပ်ရပ်နေတဲ့ ကိုသက်အနားက ခုံမှာ ထိုင်ရင်း ချီးကျူးစကားဆိုကာ မတိုးတကျယ်လက်ခုပ်လေးပါတီးပေးပြီး ဂုဏ်ပြုပေးဖြစ်သည်။"မင်းကသာပြောတာပါကွာ ဆရာကြီးတွေကတော့ ငါ့လောက်လေးကို မမှုဘူးကွ။"
Skull ပိုင်းနောက်ထပ်တစ်ခုကို ယူပြီး လေ့ကျင့်နေတာကြောင့် သက်လျာနဲ့ အဝန်းတို့ ပြောနေကြသော စကားများကို ကြားသော်လည်း အဆုံးသတ်ခါနီးပြီမို့ အသေအချာ အာရုံစိုက်နေခြင်းဖြစ်သည်။ ဒါကို သက်လျာက ကလေးဆန်ဆန်နဲ့ ကြည်သာကို ငေါ့ပြောသည်။
"မဟုတ်တာ သက်လျာရာ။ မင်းတော်တာကို ငါသိပါတယ်"
သုံးလေးခါလောက် ဆက်တိုက်မေးဆတ်ပြပြီး ထိုပြောလိုက်တော့ သက်လျာက မျက်နှာမဲ့ပြသည်။မယုံပါဘူး ဆိုတဲ့သဘောပင်။
"ကိုသက်ပြီးပြီဆို ကျွန်တော်ပြန်ရတော့မလားဟင်။"
စားပွဲပေါ်လေး လက်တင်ပြီး မေးထောက်လိုက်ကာ ထိုသို့ မေးတော့ ကိုသက်ဆိုတဲ့ ကိုအောင့်သက်သက်ကလေ စားပွဲခုံပေါ်က ကျွန်တော့်လက်ကို ရိုက်ချတယ်ဗျာ။"နောက်တစ်ခု သွားယူလာခဲ့"
မေးထောက်ထားကို တွေ့လျက်နဲ့ လက်ကို ဖြတ်ရိုက်ချတော့ သိပ်အနာကြီးတော့မဟုတ်လှပေမယ့် ဟန်ချက်ပျက်တာကြောင့် စိတ်က တိုချင်လာသည်။ သို့သော် ကိုသက်ပေမို့ စိတ်တိုနေကြောင်းကိုလည်း ထုတ်ဖော်မပြရဲ။