အပိုင်း (၅၇)

1.1K 61 25
                                    

"အကို..."

"...."

ကျွန်တော့်ပေါင်တွေပေါ်မှာ ခေါင်းတင်ကာ မှေးစက်နေသည့် အကို။ ဒီလိုငြိမ်သက်နေသည်ကြောင့် ကျွန်တော့်မှာ မချင့်မရဲနဲ့ပဲ မျက်ခွံလေးတွေကို လက်ဖြင့် တို့ထိနေရင်း ခပ်တိုးတိုးလေးခေါ်မိသည်။

ခေါ်သံကို အကိုကြားနိုင်မည်မှာ သေချာသလောက်ရှိသော်လည်း အကိုကတော့ မလှုပ်မယှက် ငြိမ်ငြိမ်လေးနေပေးသည်။

ဒီလိုငြိမ်သိမ်လို့နေသည့် အကို့ကို ငေးကြည့်နေရင်းဖြင့် အကို့မျက်နှာပြင်အနှံ့ကို ခပ်ဖွဖွလေး တို့ထိနေရင်း ကျွန်တော့်မှာ အသည်းတွေအူတွေဗြောင်းဆန်နေသလိုပင်။

"ကျွန်တော်..."

မျက်နှာအောက်ငုံ့ပြီး ခွင့်တောင်းစကားဆိုဖို့အတွက်စကားစလိုက်ရုံနဲ့တင် ရုတ်တရပ် ဖွင့်ဟလာသည့် အကို့မျက်လုံးတွေမှာ အချစ်ရိပ်တွေသမ်းလို့နေတော့ ကျွန်တော် အံသြသွားရသည်။

ထိုထက်ပိုလို့ အံ့သြသွားရသည်က ရုတ်တရပ်ကျွန်တော့်လည်ဂုတ်ဆီသို့ ရောက်လာသည့် အေးစက်သည့် အထိအတွေ့တစ်ခုကြောင့်...မဟုတ်သေး ထိုထက်ပိုသည်၊ အေးစက်စက်နှုတ်ခမ်းတစ်စုံဟာ ရေခဲတုံးလေးလိုပဲ ကျွန်တော့်နှုတ်ခမ်းတွေအထက် အေးမြမှုတွေပေးစွမ်းနေသည်ကြောင့် ဖြစ်မည်။

အကိုက စပြီး နမ်းတဲ့ ဒီအနမ်းတွေကို အကိုကပဲ ဦးဆောင်ပြီးသာယာမှုတွေဆီ ခေါ်ဆောင်သွားတော့သည်။ အကို့ရဲ့အပြုအမူတွေ၊ အကိုပေးစွမ်းတဲ့အထိအတွေ့တွေကနေ တဆင့် ကူးပြောင်းသွားတဲ့ သာယာမှုတွေက ကျွန်တော့်ကို ရူးသွားလောက်စေသည်။

ကျွန်တော်နဲ့ အကို့ကြား အခုမှ လူမှန်နေရာမှန်နဲ့ စည်းချက်ကျ၊ အပေးအယူမျှကြတဲ့ အကြင်နာတွေ။ပေါင်တွေပေါ်မှာ ခေါင်းတင်ထားတဲ့သည့် အကိုဟာ ကျွန်တော့် လည်ဂုတ်ကို သူလက်ချောင်းများဖြင့် နှိမ့်ချရင်း ကျွန်တော့်ကို ရုန်းထွက်လို့မရအောင် ပြုမူနေသည်။ သူကိုယ်တိုင်လည်း လဲလျောင်းနေရာမှ မော့နမ်းရသည်ကို အားမရလို့ဖြစ်မည်၊ ကျွန်တော့်ပေါင်တွေပေါ်က အလေးချိန်သည် ပေါင်နှင့်ကွာဟလို့ သွားခဲ့ပြီဖြစ်သည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now