အပိုင်း (၄၉)

856 55 24
                                    

"သက်လျာ..."

ကြည်သာ့ ကျောပြင်မှာ ခိုကပ်နေရင်းမှ ရုတ်တရပ် ခေါ်သံကြောင့် အဝန်းသည် ခြံတံခါးဝဆီသို့ကြည့်မိလိုက်သည်။ ထိုအချိန်မှာပဲ ကြည်သာသည် သူ့၏ခါးတွင် ဖက်တွယ်ထားသည့် အဝန်း၏ လက်တို့ကို ငြင်သာစွာနဲ့ ဖြုတ်ချခဲ့ပြီး နေရာမှ ထွက်သွားပြီဖြစ်၏။

"အခုလာပြီး ခရီးဦးကြိုပြုမနေနဲ့။ နေပါဦး...မင်းတို့က အားနေယားနေ ပတ်သွားနေကြတာပဲလား။ ငါ့မယ် ခရီးရောက်မဆိုက်ကို..."

"ဟုတ်တယ်။ မင်း ခရီးပန်းနေပြီ သက်လျာ။ ငါတို့ပြန်ရအောင်နော်..."

ချက်ချင်းပဲ သက်လျာ၏လက်ကို ဆွဲကိုလိုက်ပြီး အနီးအနားမှာ ရပ်ထားသည့် ဆိုင်ကယ်နားခေါ်သွားကာ ဆိုင်ကယ်ဦးထုပ်ဆောင်းပေးနေရင်း...
"အဝန်းရေ သက်လျာ ရောက်လာလို့ ငါသူ့ကိုအရင် ပို့လိုက်ဦးမယ်။ မင်းကို ပြီးမှလာကြိုမယ်နော်....ကဲ သက်လျာ တက် တက်..မြန်မြန်တက်လိုက်"

ဇွတ်တွေအတင်းတွေ အော်ပြောနေပြီး သက်လျာကို ဆိုင်ကယ်ပေါ်အမြန်ထိုင်ခိုင်းကာ ချက်ချင်းပဲ ထိုနေရာကနေ ထွက်သွားတော့သည်။

ဆိုင်ကယ်စက်သံ ပျောက်ဆုံးသွားသည့်အချိန်ရောက်မှ သုခမောင်သည် အိမ်အပေါ်မှဆင်းလာကာ...

"သက်လျာ ရောက်လာတာလား။" ဟု မေးသည်။

"ဟုတ်တယ်။"

"အင်း။ ဒါဆို မင်းအတွက် ဆိုင်ကယ်တစ်စင်းခေါ်ပေးမယ်။ ငါလိုက်လို့ မဖြစ်တော့တာကိုတော့ ခွင့်လွှတ်ကွာ။ ပြီးတော့ ငါအကူအညီတောင်းတာပါ...သက်လျာကို လုံးဝ လုံးဝမပြောပါနဲ့...."

တည်ငြိမ်နေသည့် မျက်ဝန်းတို့သည် တုန်ယီလှိုက်မောနေသည့် နှလုံးသားတစ်စုံအား ကိုယ်စားပြုလျက်ရှိသည်။ ဒါကြောင့် အဝန်းဘက်ကလည်း...
"ကိုသက် လုံးဝ မသိစေရပါဘူး.."

အခိုင်အမာ ကတိပေးမိသည်က ဘဝတူအချင်းချင်း ရိုင်းပင်ချင်လို့ဖြစ်သည်။ ဒါကို သုခမောင် ချက်ချင်းပဲ...
"ခက်ခဲတယ်နော်....." ဟု ပြောလာသည်။

ရယ်ချင်ယောင်ဆောင်တော့မည့် မျက်နှာကို မကြည့်ချင်သည်မို့ အဝန်းမျက်နှာလွှဲလိုက်သည်။ ဟုတ်သည် ခံစားချက်ချင်းတူညီသူ၏ ခံစားချက်တွေဖုံးတော့မည့် ဒီလုပ်ယူအပြုံးကို မမြင်ရလည်း သူသိသည်။ထို့ကြောင့် သူမကြည့်ချင်ပါ။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now