Ch: 1 (U+Z)

33.2K 2.7K 28
                                    

Unicode

Chapter-1 စာအုပ်ထဲရှိကမ္ဘာသို့ ရောက်ရှိခြင်း။

ခဲ့ရွမ် အိမ်မက်တစ်ခုမက်ခဲ့သည်။ အိမ်မက်ထဲ၌ သူသည် အရေခွံချွတ်ပြီး နံရံပေါ်၌ ချိတ်ဆွဲခံထားရလေသည်။ ထို့အပြင် ကြီးစွာသော ညှင်းပန်းနှိပ်စက်မှုများနှင့်
ပူပြင်းတောက်လောင်သော နေပူဒဏ်တို့ကိုလည်း ပြင်းပြင်းထန်ထန် ခံစားနေရ‌၏။ နောက်‌ဆုံး၌မူ
သူဟာ သေဆုံးသွားရပြီး အရိုးခြောက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အဆိုးဆုံးကတော့ တစ်စုံတစ်ယောက်ဟာ သူ၏အရိုးများအား အရိုးပြာအဖြစ် အမှုန့်ကြိတ်ပစ်လိုက်ခြင်းပင်!
ခဲ့ရွမ်သည် သူအိမ်မက်မက်နေခြင်းဖြစ်သည်ကို
သိသည်။ သူသည် ရုန်းကန်နေပြီး အိမ်မက်ထဲမှ နိုးထချင်နေလေသည်။ သို့သော် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား မနိုးထနိုင်ပေ။

"အရှင့်သား! အရှင့်သား! "
သူ့နားထဲ၌ လူအိုကြီးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရ၏။

ခဲ့ရွမ် ရုတ်တရတ် ထိတ်လန့်ပြီးနိုးလာသည်။
သူသည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိပြီး
အေးစက်သော ချွေးစေးများလည်း ထွက်နေ၏။

"အရှင့်သား...အဆင်ပြေရဲ့လား"
လူအိုကြီးက မေးလာသည်။

"အဆင်ပြေပါတယ်" ခဲ့ရွမ် သူ့နဖူးပေါ်က
ချွေးများကို သုတ်လိုက်‌၏။ သူသည် ဇာတ်လိုက်ထံ၌ အသတ်ခံရခြင်းကို အိမ်မက်ထပ်မက်ခဲ့တာ ဖြစ်သည်။

အခုနက လူအိုကြီးမှာ ခဲ့ရွမ်၏ဆရာပင် ဖြစ်ပေသည်။
ခဲ့ရွမ်၏စကားကို ကြားသောအခါ သူသည်
ခေါင်းညိတ်လိုက်ပြီး ထူဆန်းသည့်အမူအရာနှင့်
ပြန်ပြောလေ၏။

"ဒါဆိုရင်တော့ ကောင်းပါပြီ"

သူ့ဆရာထွက်သွားပြီးသည့် နောက်မှာတော့
ခဲ့ရွမ်သည် စားပွဲခုံပေါ်ကိုမှီပြီး သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်သည်။

အရာအားလုံးသည် မနေ့ကမှ စတင်ခဲ့ခြင်း
ဖြစ်သည်။ ခဲ့ရွမ်သည် သူ၏ပတ်ဝန်းကျင်ရှိလူများနှင့်
စကားပြောကြည့်ပြီးနောက် သူဟာ 'မင်မင်းဆက်၏ ဧကရာဇ်' စာအုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာကြောင်း အံ့ဩဖွယ်သိရှိခဲ့ရလေ၏။ သူဟာ စာအုပ်ထဲမှ
ခဲ့ရွမ်ဟုခေါ်တွင်သော ဗီလိန်တစ်ယောက်
ဖြစ်လာခဲ့သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now