Ch: 30 (U+Z)

10.4K 1.6K 55
                                    

Unicode

Chapter-30 ကယ်ထုတ်ခြင်း။

ခဲ့ရွမ်သည် အလွန်နာကျင်နေသော်လည်း အခြားသူများ အာရုံစိုက်ခံရမှာကို ကြောက်သည်။ သူ့ညာဖက်လက်ကို တစ်ချက်ကြည့်လိုက်တော့ သံတစ်ချောင်းက လက်ကို ဖောက်ထွက်လုနီးပါး စိုက်ဝင်နေသည်။

တစ်ဝက်က အပြင်မှာရှိသေးပြီး ကျန်တဲ့တစ်ဝက်က သူ့လက်ဖဝါးထဲမှာ နက်နက်ရှိုင်းရှိုင်းရှိနေ၏။

ထိုအရာက သံဆိုတာကို သူသဘောပေါက်သွားတဲ့အခါ အံ့သြစွာဖြင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

မေးခိုင်ပိုးဝင်ရင် ဘယ်လိုလုပ်မလဲ?

စစ်ယွိဟန်လည်း ဒါကို မမျှော်လင့်ထားပါပေ။ သူက ခေါင်းကိုမော့ပြီး ခဲ့ရွမ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

ခဲ့ရွမ်က ဒါကို ဖြေရှင်းနေဖို့ အချိန်မရှိချေ။တည်းခိုခန်း ပြန်ရောက်တဲ့အထိ စောင့်ရမည်။ အခုနေတော့ ရောဂါပိုးမကူးစက်ပါစေနဲ့လို့ ဆုတောင်းနေရုံသာ တတ်နိုင်၏။ သူက သံချောင်းကို ချက်ချင်း ဆွဲထုတ်လိုက်တဲ့အခါ သွေးတွေအများကြီး ထွက်လာသည်။

ခဲ့ရွမ်က သူ့အဝတ်တွေကိုသုံးပြီး သုတ်ဖို့ ကြိုးစားလိုက်သည်။ ဘာမှစိုးရိမ်စရာမရှိဘူး.. နောက်ဆုံး ခဲသွားလိမ့်မည်ဟု သူတွေးလိုက်သည်။ ထို့နောက် တဖန် စစ်ယွိဟန်ဆီသို့ လျှောက်သွားပြန်သည်။

သူ လန့်နေတာ ဖြစ်ရမယ်။ သနားစရာကလေးလေး။

ခဲ့ရွမ်သည် လွန်ခဲ့သော သုံးမိနစ်က သူလုပ်ခဲ့သည့် အတိုင်း စစ်ယွိဟန်ကို ပွေ့ချီရန် ကြိုးစားသော်လည်း ... သေချာသည်မှာ စစ်ယွိဟန်သည် ထိုကိစ္စကို ဘယ်တော့မှ သဘောတူမည်မဟုတ်ပေ။

စစ်ယွိဟန်သည် သူ့လက်ကို ရှောင်လိုက်ပြီး သူ့ကို စက်ဆုပ်စွာ ကြည့်ကာ အော်လိုက်သည်။

"ငါ့ကို မထိနဲ့.. ထွက်သွား!"

ခဲ့ရွမ်၏လက်များသည် အနည်းငယ်တုန်လှုပ်သွားသည်။
သောက်ကျိုးနည်း! သူက ငါ့ကို စိတ်ဆိုးနေတာပဲ။
ငါ ဘာလုပ်ရမလဲ။ ဘုရားသခင်ရေ! ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြောပါအုံး!

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now