Ch 61: ချီမိသားစု မှားခဲ့သလား?/ခ်ီမိသားစု မွားခဲ့သလား?

9.1K 1.4K 11
                                    

(Unicode)

ချီမိသားစုဝင်တွေ ခေါင်းဖြတ်သတ်ရတဲ့ အကြောင်းရင်းကို သိတော့ ခဲ့ရွမ်က နှုတ်ဆိတ်နေလိုက်သည်။

ထိုအချိန်တုန်းက ချီမိသားစုဟာ တိုင်းပြည်ရဲ့ အကောင်းဆုံး မိသားစုတွေထဲက တစ်ခုဖြစ်သည်။ အမတ်ချုပ်မိသားစုနဲ့ ယှဉ်ရင်တောင် သူတို့က အင်အား ပိုကောင်းသေး၏။ သူတို့အားလုံးသည် စစ်သူကြီးလင် ကဲ့သို့ စစ်ဘက်ရေးရာ အမတ်များဖြစ်ကြသော်လည်း ချီချန်‌၏ ဖခင်သည် ခြွင်းချက်ဖြစ်သည်။ သူသည် တရားဝင် အမတ်တစ်ဦးဖြစ်ပြီး မီးတောက်နီ၏ အမတ်ချုပ်နှင့် မကြာခဏ သဘောထားကွဲလွဲသူ ဖြစ်သည်။

ယင်းနောက် အမတ်ချုပ်က ချီမိသားစုသည် နိုင်ငံခြား တိုင်းပြည်များနှင့် ပူးပေါင်းခဲ့သည်ဟု ပြောကြားခဲ့သည်။ ပူးပေါင်းကြံစည်မှုနှင့် တိုင်းပြည်ပုန်ကန်မှု ရာဇ၀တ်မှုများသည် မည်သည့်အချိန်ကပင်ဖြစ်စေ ကွပ်မျက်ရမည့် သေစေနိုင်သော အပြစ်များဖြစ်သည်။ ထို့အပြင် သူတို့၌ သက်သေ၊ အထောက်အထား များစွာလည်း ရှိခဲ့ကြ၏။ ထို့ကြောင့် ချီမိသားစု၏ အဆုံးသတ်သည် ထင်ထင်ရှားရှားပင်။

လင်ချင်းယဲ့သည် 'မတရားသေခြင်း' ဟူသော စကားလုံးကို အသုံးပြု၍ ဇာတ်လမ်းကို မပြောခဲ့ပေ။ သို့သော် ခဲ့ရွမ်သည် သူ့စကားများကြားတွင် လင်ချင်းယဲ့၏ ချီမိသားစုအပေါ် ယုံကြည်မှုကို ခံစားခဲ့ရသည်။

ထို့နောက် လင်ချင်းယဲ့က သက်ပြင်းတစ်ချက် ချလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက် သွားပြီးနောက် ခဲ့ရွမ်က မေးလိုက်သည်။

"စစ်သူကြီးလင်.. ချီမိသားစု မှားခဲ့တယ်လို့ မင်းထင်လား"

လင်ချင်းယဲ့က ခေါင်းညိတ်လိုက်သည်။

"အဲဒီတုန်းက ကျွန်တော် ငယ်သေးပြီး အရာတော်တော် များများက ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့တယ်။ နောက်ပြီး ချီမိသားစုက နိုင်ငံရပ်ခြားနဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို အမတ်ချုပ်က အတည်ပြုခဲ့တယ်။ ဒီအမှုကို စုံစမ်းကြည့်တော့ သဲလွန်စတောင် မတွေ့ခဲ့ရဘူး။ ဒါပေမယ့် ကျွန်တော် သံသယဖြစ်မိရုံပါ"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now