Ch 67: ဒီနေရာကနေ ထွက်သွားကြ/ဒီေနရာကေန ထြက္သြားၾက

8.5K 1.3K 32
                                    

(Unicode)

ခဲ့ရွမ်သည် ညဘက်တွင် လင်ချင်းယဲ့ကို သွားရှာသောအခါ ချောင်တောင်ကို မြင်ဖူးသည်။ အဲဒီတုန်းက အံ့အားသင့်သွားသလို ခံစားခဲ့ရပေမယ့် အခုလောက်ထိတော့ မဟုတ်ပေ။

တောင်ထိပ်သည် သာယာလှပသော ရှုခင်းများ၊ လူများဖြင့် စည်ကားနေသော ရွာတစ်ရွာဖြစ်ပြီး ယခင်က သူသွားလည်ခဲ့သော ရှေးဟောင်းမြို့များ ကဲ့သို့ပင်။

ယောကျာ်းလေး၊ မိန်းကလေး၊ လူကြီး၊ လူငယ် အားလုံး အေးချမ်းတဲ့ အပြုံးကို ၀တ်ဆင်ထားကြတယ်။ အရာအားလုံးက အေးအေးချမ်းချမ်းပဲ။ စျေးသည်များသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို လမ်းများပေါ်တွင် ခင်းကျင်းထားကြသည်။

သို့သော် သူတို့သုံးယောက် ပေါ်လာသောအခါ လူတွေအားလုံးက သူတို့ရဲ့ ငြိမ်းချမ်းသာယာတဲ့
ဘဝကို ဖျက်စီးပစ်မှာ ကြောက်သည့်အလား သူတို့ သုံးယောက်ကို သတိနဲ့ ကြည့်နေကြလေသည်။

ခဲ့ရွမ် နှာခေါင်းကို ပွတ်သပ်လိုက်သည်။ အခု သူအကုန် သိသွားလေပြီ။ ဒါက မိန်းကလေးတွေကို ပြည်သူတွေဆီက ခိုးယူတာ ဒါမှမဟုတ် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်တာတွေနဲ့ သက်ဆိုင်နေတာလား?

သို့ဆိုလျှင် ထိုလူများသည် သူတို့အစား ချီချန်ကို
သတိရှိနေသင့်ပြီး သူတို့ကို ရွှင်လန်းတက်ကြွစွာဖြင့် ကြိုဆိုသင့်သည်။

"ဒီမှာ ရှင်တို့ဘာလုပ်နေတာလဲ?"
တစ်ယောက်ယောက်က ထိုသို့ မေးလိုက်ပြီးနောက် ပြင်းပြင်းထန်ထန် စွပ်စွဲတော့သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ အကြီးအကဲကို မထိခိုက်စေနဲ့.. ရှင်တို့ အစိုးရအရာရှိတွေ တစ်ယောက်မှ မကောင်းဘူး"

အားလန်၏ မျက်လုံးသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။

"မိန်းကလေး.. ငါတို့.. မဟုတ်..."

ခဲ့ရွမ် ရှင်းပြချင်သော်လည်း နားမထောင်ကြပေ။

"မင်းတို့.. ငါတို့ရဲ့ အကြီးအကဲကို ထိဝံ့ရင် ‌ချောင်တောင်က လူတွေက မင်းတို့ကို ဘာမဆို ပြန်လုပ်လိမ့်မယ်"

"ဒါအမှန်ပဲ!"

"မင်းအားလုံးက တိရိစ္ဆာန်တွေ!"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now