Ch: 21 (U+Z)

11.5K 1.7K 14
                                    

Unicode

Chapter-21 အကောင်းမြင်အောင် လုပ်ဆောင်ခြင်း။

ခဲ့ရွမ် မျက်မှောင်ကြုတ်လိုက်သည်။ ပထမဦးစွာ
ခရိုင်မှူးသည် သူလွှတ်လိုက်သော အစောင့်အများစု ပြန်မလာတော့ကြောင်း ပြောသည်။ ထို့နောက်
အဲဒီ့ကို ဘယ်သူမှ ရောက်အောင်မသွားနိုင်ဘူးဟု ပြောပြန်သည်။ တစ်ခုခုတော့ မှားနေပြီ။

လင်ချင်းယဲ့လည်း ဒါကို သတိထားမိသည်။
"ဒါဆို မင်းက ခိုင်လုံတဲ့ အချက်အလက်မရှိဘူးလို့ ဆိုလိုတာမဟုတ်လား.. လီခန်း..
ငါမင်းကိုမေးစရာရှိတယ်.. အရင်ဆုံး မင်းပို့လိုက်တဲ့လူတွေက ဘယ်တော့မှ
ပြန်မလာနိုင်ဘူးလို့ မင်းပြောခဲ့တယ်.. ပြီးတော့ ဘယ်သူကမှ အဲဒီကို ‌ရောက်အောင်မသွားနိုင်ဘူးလို့ ပြောပြန်တယ်။ ဘယ်ဟာက အမှန်လဲ"

လီခန်းက အနည်းငယ် တုန်လှုပ်သွားပြီး
ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။
သူ့ရဲ့ အကြံပေးအရာရှိကလည်း သူနဲ့အတူ ဒူးထောက်ချလိုက်ပြီး ‌ဆိုသည်။

"စစ်သူကြီးလင်.. ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ကို အပြစ်မမြင်ပါနဲ့.. ဧကရာဇ်မင်းမြတ်ရဲ့ အပြစ်ပေးခံရမှာကို ကျွန်တော်တို့ကြောက်လို့ပါ။ ခရိုင်မှူးက လူတွေအများကြီး လွှတ်ထားပေမယ့် ကျွန်တော်တို့က သူတို့ကို မယှဉ်နိုင်တော့ဘူး။ အဲဒီ့သွားတဲ့ လမ်းမှာတင်ပဲ တိုက်ခိုက်ခံရကြတယ်.. အဲ့ဒါကြောင့် အလုပ်မဖြစ်တာ"

လီခန်း၏ ဝတုတ်နေသောမျက်နှာနှင့် ခန္ဓာကိုယ်က တုန်လှုပ်လျက် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

"ကျွန်တော်မျိုးက အသုံးမကျတာပါ။ ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်..ကျွန်တော်မျိုးနဲ့ ထိုက်တန်ပါတယ်"

လင်ချင်းယဲ့က ပြောလိုက်သည်။
"ထတော့.. အသက်ရှင်လျက် ပြန်လာတဲ့သူ ရှိလား"

"အာ.. ရှိပါတယ်"

"သူ့ကို ဒီကို ခေါ်လာခဲ့"

"ဟုတ်ကဲ့"

သိပ်မကြာခင်မှာ အသက်နှစ်ဆယ်ကျော် လူတစ်ယောက် ရောက်လာ၏။ သူက လီခန်းနှင့် အကြံပေးအရာရှိကို တစ်ချက်ကြည့်ပြီးနောက် လင်းချင်ယဲ့ရှေ့မှာ ဒူးထောက်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now