8.5K 958 22
(Unicode)
'မင်းနာကျင်ခံစားရလား.. ငါတော့ မင်းထက် အများကြီး ပိုဆိုးတယ်'
ခုနစ်နှစ်ကြာခဲ့ပြီ။
"ခဲ့ရွမ်.. ငါ လွန်ခဲ့တဲ့ ခုနစ်နှစ်ကို ဘယ်လိုကုန်ဆုံးခဲ့ရလဲ မင်းသိလား"
လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူသည် ခဲ့ရွမ်အား မုန်းတီးမှုများနှင့် ပြည့်နှက်နေခဲ့သည်။ မရေမတွက် နိုင်သော နေ့ပေါင်းများစွာ ညပေါင်းများစွာတိုင်အောင် သူသည် ထိုလူအား မည်သို့ဆက်ဆံမည်ကို အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူသည် ခဲ့ရွမ်အား အရှင်လတ်လတ် လှီးဖြတ်ပြီး သူ့အရွတ်များကို ဆွဲထုတ်ကာ သူခံစားခဲ့ရသော ဆင်းရဲဒုက္ခကို ခံစားခွင့်ရစေမည်ဖြစ်သည်။
သို့သော် ထိုလူသားကို မြင်တွေ့လိုက်သည့်အခိုက်တွင် သူ့အတွေးအားလုံး ပြိုကျသွားခဲ့ရသည်။
ယခု သူစဉ်းစားနေသမျှသည် ထိုလူသားအား သူ့ဘေးနား၌ ထာဝရတည်ရှိနေစေရန်သာ ဖြစ်သည်။ သူတို့နှစ်ယောက်အား မည်သည့်ပြင်ပအရာကမှ ခွဲခွာ၍မရနိုင်ပေ။
ကံကောင်းထောက်မစွာ ခဲ့ရွမ်သည် လွန်ခဲ့တဲ့ နှစ်တွေအတွင်း စိုးရိမ်စရာမရှိဘဲ ကောင်းကောင်း နေထိုင်ခဲ့ပါသည်။
စစ်ယွိဟန်သည် ခဲ့ရွမ်၏ ခေါင်းထိပ်ပေါ်သို့ မေးစေ့ကိုတင်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ သူလည်း အရမ်းပင်ပန်းခဲ့၏။
သူ့ရင်ခွင်ထဲရှိ အနွေးဓာတ်လေးသည် သူအကြိမ်ပေါင်း များစွာ အိပ်မက်မက်ခဲ့ရသောအရာဖြစ်ပြီး သူ့နှလုံးသားအား ကဆုန်ပေါက် ခုန်လှုပ်စေသည်။
....
အခန်းတွင်းရှိ လေထုသည် နွေးထွေးနေသော်လည်း လင်ချင်းယဲ့အတွက်မူ အိပ်မပျော်နိုင်သောညပင် ဖြစ်ပေသည်။
စစ်ယွိဟန်သည် သူ့အား အရာအားလုံးတွေ့မြင်နိုင်ရန် ဤနေရာ၌ ထားသည်ကို သူသိသည်။ ဘာဆိုဘာမှ မသိသော ခဲ့ရွမ်မှလွဲ၍ စစ်ယွိဟန်အပါအဝင် လူတိုင်းသည် လင်ချင်းယဲ့၏ ခဲ့ရွမ်အပေါ်ထားရှိသော ခံစားချက်ကို သိသည်။
အရင်တုန်းကဖြစ်စေ ယခုဖြစ်စေ လင်ချင်းယဲ့၏ လေးစားမြတ်နိုးမှုသည် ခဲ့ရွမ်အား လုံးဝအကျိုးမပြု ခဲ့ပေ။ ယခုရလဒ်သည် အကောင်းဆုံးပင် ဖြစ်ပေသည်။ စစ်ယွိဟန်သည် သူ့ကို ဘယ်သောအခါမှ နာကျင်စေမှာ မဟုတ်ပေ။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now