Ch: 24 (U+Z)

10.2K 1.7K 15
                                    

Unicode

Chapter-24 မင်းကို ဘယ်သူလွှတ်လိုက်တာလဲ?

ထိုလူက စစ်ယွိဟန်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားသည်။ သူက တစ်လမ်းလုံး မရုန်းကန်တာမို့ ထိုလူက သူ့မှာ သတ္တိမရှိဘူးလို့ ထင်တဲ့အတွက် ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတဲ့အခါ စစ်ယွိဟန်ကို လွှတ်ပေးလိုက်သည်။

စစ်ယွိဟန်က သူ့ရှေ့က ကြွက်သား တောင့်တောင့် တင်းတင်းနဲ့ လူကို အေးစက်စွာ ကြည့်လိုက်သည်။

"မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ?"

ထိုလူက ခဏတိတ်ဆိတ်သွားသည်။ ထိုကောင်လေးရဲ့ အကြည့်အောက်မှာ သူအနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ ရှက်စိတ်ကြောင့် စိတ်ထဲကနေ သူ့ကိုယ်သူ သတ္တိမရှိတဲ့အတွက်ကြိမ်းမောင်းလိုက်သည်။

စစ်ယွိဟန်သည် သွားဖြူဖြူ၊ အသားဖြူဖြူ၊ မျက်နှာ နီမြန်းမြန်းလေးနဲ့ အရမ်းကြည့်ကောင်းသည်။ သူ့မှာ ကလေးအဆီနည်းနည်းရှိပြီး ကလေးပဲရှိသေးပေမယ့် နှစ်အနည်းငယ်ကြာပြီး အရွယ်ရောက်လာတဲ့အခါ
လူတွေသည် သူ့အတွက်တောင် သေပေးကြလိမ့်မည်။
ယွီလျောင်းခရိုင်တွင် ထိုကဲ့သို့လှပသော မျက်နှာလေး ပေါ်မလာသည်မှာ နှစ်အတန်ကြာခဲ့လေပြီ။

"တိတ်စမ်း.. မင်းကိုရောင်းပြီး ငါဘယ်လောက်ရနိုင်မလဲ စောင့်နေလိုက်"

ထိုလူက သူ့လက်တွေကို ဆန့်ပြီး စစ်ယွိဟန်ကို ဖမ်းဖို့ကြိုးစားလိုက်သည်။

နောက်တော့ သူ မလှုပ်နိုင်တော့ပေ။ သူ့ရဲ့ လက်‌ကောက်ဝတ် နှစ်ဖက်ကို ထိုကလေးက ဖမ်းချုပ်ထားလိုက်သည်။ သူ ဒီအလုပ်ကို လုပ်နေတာ အချိန်အတော်ကြာနေပြီး ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာကို ကောင်းကောင်းသိပေမယ့် ဒီနေ့ ဒီကလေး၊ ဒီသောက်ကလေးက သူ့ရဲ့လှည့်ကွက်တွေကို အလွယ်တကူ ဖော်ထုတ်နိုင်ခဲ့သည်။

သူ ကံကောင်းသွားတာ ဖြစ်နိုင်တယ်။
သူ ကြက်ကန်းဆန်အိုးတိုးသွားတာပဲ ဖြစ်ရမယ်။

စစ်ယွိဟန်က လှောင်ပြောင်လိုက်သည်။
မိုက်မဲလိုက်တဲ့လူ!

သူ့လက်ချောင်းတွေကို နည်းနည်းလှုပ်လိုက်တဲ့အခါ
ထိုလူက သူ့မျက်လုံးတွေ ပေါက်ထွက်တော့မလို နာကျင်စွာ အော်ဟစ်နေတော့သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now