Ch: 4 (U+Z)

15.9K 2.3K 74
                                    

Unicode

Chapter-4 အန်းကွား စစ်သူကြီး။

အပြာရောင်ကောင်းကင်အောက်တွင် မီးတောက်နီ တိုင်းပြည်၏ ရွှေရောင်အုတ်ကြွပ် အမိုးဆင့်သည် ပြောက်လက်တောက်ပလျက်ရှိ၏။

မြို့တော်၏ အနီရောင်အုတ်နံရံများသည် အပြာရောင် ကောင်းကင်နှင့် ပေါင်းစပ်ထားသယောင်။ အရာ ခပ်သိမ်းသည် အလွန်ကြီးကျယ်ခမ်းနားပြီး ငြိမ်ချမ်းသာယာလျက်။ နောက်နှစ်အနည်းငယ်မှာ မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် အုတ်တစ်ချပ်တောင် မကျန်တော့မည်ကို ပုံဖော်ကြည့်ရန်ပင်
ခဲယင်းလှသည်။

စာသင်ခန်းထဲ၌ ဆရာသည် အဆက်မပြတ်
သင်ကြားပို့ချလျက်ရှိသည်။ ခဲ့ရွမ် စာသင်ခန်းထဲသို့ ဝင်လာသည့်အချိန်ကတည်းက စစ်ယွိဟန်သည်
စားပွဲခုံမပါ၊ ထိုင်ခုံမပါဘဲ ထောင့်မှာရပ်ပြီး နားထောင်နေသည်ကို သတိပြုမိလိုက်၏။

ခဲ့ရွမ် မျက်ခုံးတွေ မြင့်တက်သွားသည်။ မူလခဲ့ရွမ်၏ ဇာတ်သိမ်းသည် သူနှင့်ထိုက်တန်သော်လည်း ယခုခဲ့ရွမ်အတွက်မူ ထိုသို့မဟုတ်ချေ။

လက်တွေ့ဘဝနှင့် စာအုပ်ထဲကဘဝသည်
သိသိသာသာ ကွဲပြားခြားနားမှုမရှိချေ။ မနက်ပိုင်း သင်ခန်းစာ ပြီးဆုံးသွားသည့်အခါ ခနအနားယူရန် သို့မဟုတ် အပေါ့အပါးသွားရန် ခွင့်ပြုထား၏။

ခဲ့ရွမ်သည် စာအုပ်ကို လက်မှချလိုက်ပြီး စစ်ယွိဟန် ရှိနေသည့်ထောင့်လေးသို့ သွားလိုက်သည်။ စစ်ယွိဟန်သည် တစ်စုံတစ်ယောက်ချဉ်းကပ်လာသည်ကို သိသော်လည်း မော့မကြည့်ပေ။ ခဲ့ရွမ်မှန်းသိတာတောင် သူ့လက်ထဲရှိ စာအုပ်ကိုသာ အာရုံဆက်စိုက်နေလိုက်၏။

"အတင့်ရဲလိုက်တာ! မင်းသားလေးလာနေတာကို မင်းမမြင်ဘူးလား ? ဘာလဲ မင်းမျက်လုံးတွေ ကန်းနေတာလား"

ခဲ့ရွမ် ဘာမှမပြောရသေးခင်မှာပင် သူ့နောက်မှ ဝတ်စုံအဖြူနဲ့ ကောင်လေးတစ်ယောက်က
ပြောလိုက်၏။

သူသည် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ်ကောင်လေး တစ်ယောက်ဖြစ်သည်။ သူသည် စစ်ယွိဟန်ဆီမှ စာအုပ်ကိုဆွဲယူလိုက်ကာ ခဲ့ရွမ်အား ချော့ချော့မော့မော့ အပြုံးလေးဖြင့် ကြည့်လိုက်၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now