Ch 62: ငါဒါနဲ့ မထိုက်တန်ဘူး/ငါဒါနဲ႕ မထိုက္တန္ဘူး

9K 1.5K 24
                                    

(Unicode)

"ခဲ့သခင်လေး.. သင် ကုသမှုကို နှောင့်နှေးလို့ မရဘူး။ ရက်အနည်းငယ်ကြာ ပြန်ကောင်းလာတဲ့အခါ ကျွန်တော်တို့ ထွက်သွားကြမယ်။ စိတ်မပူပါနဲ့ ချီချန်က သင့်ကို အခု ထိခိုက်စေမှာ မဟုတ်ဘူး"

လင်ချင်းယဲ့သည် ချီချန်က ခဲ့ရွမ်အား မုန်းတီးသည်ကို ကောင်းကောင်းသိပါသည်။

"ဒါပေမယ့်..."

လင်ချင်းယဲ့က ရှင်းပြ၏။

"ခဲ့သခင်လေး.. ကျွန်တော်တို့က ချီချန်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်က သူနဲ့ ကြီးပြင်းခဲ့တာ။ သင်ဒီမှာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော် အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့ ချီချန်က သင့်ကို ဒုက္ခပေးမှာ မဟုတ်ဘူး"

မနေ့ညက သူတို့ရုတ်တရက် ပြန်လွတ်လာပြီး ခဲ့ရွမ်က တောင်ပေါ်မှာ ရှိနေတဲ့အကြောင်း ကြားခဲ့သည်။ ထို့ကြောင့် သူ့ကို အလျင်အမြန် ရှာဖွေ ကယ်ဆယ်ခဲ့ကြ၏။ ချီချန်က ရုတ်တရက် စိတ်ပြောင်းသွားရတဲ့ အကြောင်းအရင်းကို သူသိခဲ့တာ မကြာသေးပေ။ ဘာပဲဖြစ်ဖြစ် သူက ချီချန်ရဲ့ ကျေးဇူးကို အကြွေးတင်နေသည်။ သူက သူ့ကို အချိန်မရွေး ဖြည့်ဆည်းပေးဖို့ ချီချန်ကို ကတိပေးခဲ့၏။

လက်ရှိအခြေအ‌နေကြောင့်သာ မဟုတ်ရင် ခဲ့ရွမ် ရယ်မောမိသွားလိမ့်မည်။

စစ်သူကြီးလင်က သူ့ကို ကယ်ခဲ့တာပဲ။

ညဘက် ကောင်းကင်မှာ ကြယ်တွေ ပြန့်ကျဲနေ၏။

စစ်ယွိဟန်သည် စူးရှသော မျက်လုံးများဖြင့် ခဲ့ရွမ်၏ အိပ်ယာရှေ့တွင် ရပ်နေသည်။

"မင်းနောင်တရလိမ့်မယ်.. တော်ဝင်မိသားစုက အရက်စက်ဆုံးပဲ"

စစ်ယွိဟန်က ဘာမှပြန်မပြောပေ။ သိမ်မွေ့သော အကြည့် တစ်ချက်က သူ့မျက်လုံးများကို ဖြတ်တောက်သွားကာ သူ့ကို ပို၍ မယုံကြည်နိုင်လောက်အောင် ဖြစ်စေသည်။ မည်သူမဆို ရက်စက်ကြမ်းကြုတ်သူ ဖြစ်နိုင်သည်။

သူ့နောက်ကလူက သက်ပြင်းချလိုက်သည်။

သူတပါးကို ဆွဲဆောင်တယ်ဆိုတာ ဘာလဲ။ သူသည် တူညီသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ပြီး မဖြစ်နိုင်သော အရာကို ကြိုးစားခဲ့သည် မဟုတ်လော။ အစိတ်စိတ်အမွှာမွှာ ကွဲသွားရင်တောင် နောင်တရမှာ မဟုတ်ပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now