7.2K 1K 25
(Unicode)
"ဟမ့်.. ဘာလို့မရရမှာလဲ? ငါက အဲဒီကို ဘယ်သူ အရှက်ကွဲမလဲဆိုတာကို ကြည့်ဖို့ပဲ သွားချင်တယ်။ စစ်ယွိဟန်က ငါ့ကို အရှက်ခွဲချင်နေတာ မဟုတ်လား? ငါ ဒီ​နေ့ ဒီလိုပဲဝတ်​လိုက်​မယ်​။ သူဘာလုပ်နိုင်မှာလဲ။ ငါ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ရင် ငါသူ့ကို မထီမဲ့မြင်ပြုမယ်"
ထိုသို့ပြောနေရင်းနဲ့ ခဲ့ရွမ်သည် ပါးစပ်ထဲသို့ ကိတ်မုန့် တစ်ချပ်ကို ဒေါသတကြီး ထိုးထည့်လိုက်သည်။
"အိုး.. မင်းက ကိုယ့်ကို ဒဏ်ရာပေးချင်နေတာလား" နန်းဆောင်အပြင်ဘက်မှ ခပ်တိုးတိုးအသံတစ်ခု
ထွက်ပေါ်လာသည်။
ထို့နောက် အစေခံတစ်စုသည် ဒူးထောက်လိုက်ကြ၏။
"အရှင်​မြတ်​သက်​တော်​ရာကျော်ရှည်ပါ​စေ!"
စကားသံများသည် ရွမ်ဟန်နန်းဆောင်တစ်လျှောက် ထွက်ပေါ်လာသည်။
ခဲ့ရွမ်သည် စားလက်စကိတ်မုန့် နင်ပြီး သီးသွား၏။
သူသည် လက်ဖက်ရည်တစ်ခွက်ကို အလျင်အမြန် ငှဲ့ကာ သောက်ချလိုက်သည်။ ထိုမှသာ မုန့်များကို မျိုချနိုင်ခဲ့လေသည်။
"ဘာဖြစ်လို့လဲ.. မင်း ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ရန်ငြိုးထားလိုက်ရင် ကိုယ်မင်းကို ကောင်းကောင်း ဆက်ဆံမယ်လို့ ထင်လို့လား.. အချစ်လေး?"
ထိုအေးစက်သောအသံသည် မည်သည့်ခံစားချက် တစ်စုံတစ်ရာမှ မပါဝင်ပါ။ ရိုးရိုးသားသား ပြောရရင် ခဲ့ရွမ်သည် သူနဲ့ရင်ဆိုင်ရတိုင်း ထိုလူကို သူကြောက်သည်။
ထိုည၌ ဧကရာဇ်စာဖတ်ဆောင်ထဲတွင် သူသည် ဒေါသအလွန် ထွက်နေသောကြောင့် သူ့စိတ်ထဲမှ ကြောက်ရွံ့မှုကို တွန်းလှန်နိုင်ခဲ့ပြီး သူ့ကို စိန်ခေါ်နိုင်ခဲ့သည်။ နောက်ပိုင်း သူ့အပြုအမူကို ပြန်တွေးပြီး ကြောက်ရွံ့သွားခဲ့သည်။ သူပြန်လာပြီး နောက်တွင် သူ့ခြေထောက်များသည် အားနည်း လွန်းသဖြင့် သူ့ကိုသူတောင် မသယ်ဆောင်နိုင်ခဲ့ပေ။
အကယ်၍ သူ သူ့အပေါ် အမှန်တကယ် ရန်လိုပါက သူ့အသက်သူ မကယ်တင်ချင်တော့တာ မဟုတ်လား? ဇာတ်လိုက် ငယ်စဉ်အခါက ခဲ့ရွမ်သည် သူ့အပေါ် အကောင်းမြင်စေရေးနှင့် သူအသက်ရှင်ရပ်တည်နိုင်ရေး အတွက် အလွန်ကြိုးစားအားထုတ်ခဲ့ရသည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now