7.6K 1.1K 36
(Unicode)
"အရှင်မင်းကြီး.. သူက တော်ရုံလူတစ်ယောက် မဟုတ်ဘူး"
ချီချန်သည် ခဲ့ရွမ်ကို သဘောမကျပေမယ့် ထိုလူသည် တကယ့်ကို ကွဲပြားတယ်ဆိုတာတော့ ဝန်ခံ ရပေလိမ့်မည်။ သူသည် လူတစ်ယောက်ကို အစွမ်းကုန် ကောင်းကောင်း ဆက်ဆံနိုင်သည်။ သူ့အသက် ဆုံးရှုံးရမှာ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို လှည့်စားပြီး ဓားနဲ့ ထိုးခဲ့ရင်တောင် အပြုံးနဲ့ လက်ခံမည့်သူ ဖြစ်သည်။
အရင်တုန်းက ခဲ့ရွမ်သည် ဘယ်သူ့ကိုမှ ဒီလိုပုံစံနဲ့ မဆက်ဆံဘဲ အရမ်းမိုက်မဲသည်ဟု ထင်ခဲ့သည်။ နောက်ပိုင်းမှာတော့ သူသည် အရမ်းတော်မှန်း သူသဘောပေါက်ခဲ့ရသည်။
စစ်ယွိဟန်က သူ့ကိုကြည့်နေသည်။
ချီချန်သည် နောက်ထပ်စာကြောင်း အနည်းငယ်ကို စွန့်စွန့်စားစား ထပ်ပြောလိုက်၏။
"အရှင်မင်းမြတ်က အဲဒီလူအတွက် အရမ်း အရေးကြီးတယ်.. သူက အရှင့်ကို စိတ်ဆိုးမှာ မဟုတ်ဘူး။ ဘယ်တော့မှ စိတ်မဆိုးတာလဲ ဖြစ်နိုင်တယ်"
စစ်ယွိဟန်၏ နှုတ်ခမ်းထောင့်များသည် အထိန်းအကွပ်မဲ့စွာ လှုပ်ယမ်းသွားသည်။ ထို့နောက် လက်ရှိအခြေအနေကို သဘောပေါက်ပြီး ၎င်းကို ဖိနှိပ်ရန် ကြိုးစားလိုက်၏။
"ကိုယ့်အလုပ်ကိုပဲ စိတ်ထဲထား"
ချီချန်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ ပြတ်သားသော ဧကရာဇ်မင်းမြတ်သည် ခဲ့ရွမ်နှင့် ရင်ဆိုင်ရသောအခါတွင် ကလေးတစ်ယောက်လို ဖြစ်သွား၏။
အချုပ်ခန်းထဲရှိ ခဲ့ရွမ်သည် စစ်ယွိဟန်ရဲ့ အစာ လျှော့စားဖို့အမိန့်ကို လုံးဝစိတ်မဆိုးပါ။ သူသည် စိုးရိမ်ပူပန်မှုမထားဘဲ နေထိုင်ခဲ့သည်။ သူ့အမြင် အရတော့ မကြာခင်မှာ သူ သေရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် အသက်ရှင်စဉ် တခဏအတွင်း နေ့စဥ် ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့သည်။
"အစ်ကိုတော်.. ငါ အစ်ကိုချင်းယဲ့ကို လက်ထပ်လို့ ရမလားဟင်"
ခဲ့နွန်သည် တောက်ပသော မျက်လုံးများဖြင့် ခဲ့ရွမ်ကို ကြည့်လိုက်သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now