Ch: 11 (U+Z)

12.7K 2K 20
                                    

Unicode

Chapter-11 စိတ်ရှုပ်ထွေးခြင်း။

ခဲ့ရွမ်က စစ်ယွိဟန်ကို သူနေတဲ့နေရာဆီ ခေါ်လာလိုက်သည်။ ထို့နောက် သူ့ထိုင်ခုံကို စစ်ယွိဟန်အားပေးကာ သူက ဘေးမှာ ထိုင်လိုက်၏။

"မြန်မြန်စား...မြန်မြန်စားပြီးမှ စောစောအနားယူ နိုင်မှာပေါ့"

စစ်ယွိဟန်က ခေါင်းညိတ်ပြလိုက်ပြီး အကျက်လွန်နေတဲ့ငါးကို တွေ့တဲ့အခါ မျက်မှောင်ကြုတ်သွားသည်။

စစ်ယွိဟန်သည် ငါးကို စိုက်ကြည့်ရုံသာကြည့်နေပြီး ဘာမှ မလုပ်ဘဲနေတာကိုမြင်တော့ ခဲ့ရွမ်က သူဘယ်လိုစားရမှန်း မသိဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။

စစ်ယွိဟန်၏ အတွေ့အကြုံနှင့် အသက်အရွယ်ကို ထည့်မစဉ်းစားနေတော့ဘဲ သူ့အား စိတ်ကျေနပ် စေရန်သာ တစ်ခုခုလုပ်ပေးလိုသည်။ ထို့ကြောင့် ခဲ့ရွမ်သည် စစ်ယွိဟန်၏လက်မှ ငါးကိုယူကာ သူ့အတွက် ငါးအရိုးများကို စတင်ဖယ်ရှားတော့သည်။

တူးသွားသော ငါးအရေခွံကို ခွာချလိုက်တဲ့အခါ အတွင်းမှ အသားနုနုလေးများ ပေါ်လာသည်။ စစ်ယွိဟန်က မကြာခင် သူ့ပါးစပ်ထဲ ကျရောက်တော့မည့် နူးညံ့တဲ့အသားကို ကြည့်လိုက်သည်။

ခဲ့ရွမ် ဘာဖြစ်‌ချင်နေတာလဲဆိုတာ သူ နားမလည်နိုင်ပေ။ လှည့်စားနေတာသာဆိုရင် သူဒီလိုထိလုပ်စရာ မလိုဘူးမဟုတ်လား။

"ဟေး..ဘာလုပ်နေတာလဲ...ပါးစပ်ဟလေ" ခဲ့ရွမ် အပြုံးလေးနဲ့ ပြောလိုက်သည်။ ခဲ့ရွမ်ရင်ထဲမှာ ချစ်ခြင်းမေတ္တာတွေ တဟုန်ထိုးဖြစ်ပေါ်လာသည်။ စစ်ယွိဟန်က သူ့ကို ဂရုစိုက်တဲ့လူတွေကို အသုံးမချဘူးဆိုတာ ခဲ့ရွမ်ပြောနိုင်သည်။

တစ်ယောက်ယောက်က သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံလာသည့်အခါ စစ်ယွိဟန် ကြောင်တက်တက် ဖြစ်သွားသည်။

ခဲ့ရွမ်၏ စကားကိုကြားသောအခါ စစ်ယွိဟန်သည် ပါးစပ်မဟဘဲ မ‌နေနိုင်တော့ပေ။ ခဲ့ရွမ်က အသားကို စစ်ယွိဟန် ပါးစပ်ထဲထည့်လိုက်သည်။ ၎င်းသည် အရသာရှိသော်လည်း စစ်ယွိဟန်ရဲ့အာရုံတွေက ငါးအပေါ်မှာမဟုတ်ချေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now