Ch 131: ချီချန်၏ စကားများသည် အမှန်တကယ်အကြင်နာမဲ့၏။

7.1K 1K 22
                                    

(Unicode)

ခဲ့ရွမ်သည် လင်ချင်းယဲ့နှင့်သူ့အား ချိတ်ဆက်နေသည်ကို ကြားလိုက်သောအခါတွင် ချီချန်၏ အကြည့်များ အနည်းငယ် ပျော့‌ပျောင်းသွားသည်။

သို့သော် ထိုညက အချုပ်ခန်းထဲတွင် သူတို့စကားဝိုင်းကို ရုတ်တရက် သတိရသွားပြီးနောက် သူ့မျက်နှာသည် သူဝင်လာချိန်ကထက် ပိုအေးစက်လာသည်။

'မင်းကိုမင်း ဘာထင်‌နေလဲ.. ခဲ့ရွမ်? အစ်ကိုချင်းယဲ့ အကြောင်းပြောဖို့ မင်းက အရည်အချင်း ပြည့်မီလို့လား?'

"မြန်မြန်လုပ်" ချီချန်သည် စိတ်မရှည်တော့ပေ။

ခဲ့ရွမ်သည် ခဲ့နွန်၏ ဆံပင်များကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။

"နွန်နွန်.. ငါ့ကို စောင့်နေနော်.. မြန်မြန်ပြန်လာပြီး အရသာရှိိတာတစ်ခုခု ယူလာခဲ့မယ်"

အရသာရှိတာတစ်ခုခုကို သူမကြားလိုက်သည်နှင့် ခဲ့နွန်၏ စိတ်ထဲတွင် အစားအစာမျိုးစုံနှင့် ပြည့်နေခဲ့သည်။

"အစ်ကို.. ငါ မက်မွန်ပွင့်ကိတ်၊ နှင်းဆီကိတ်နဲ့ ကြာဘဲကင်စားချင်တယ်..."

"ကောင်းပြီ! အားလုံးကို မင်းအတွက် ယူလာပေးမယ်"

"ဟုတ်ကဲ့!" ခဲ့နွန်၏ မျက်လုံးများသည် သူမ တကယ်ကို မျှော်လင့်နေသောကြောင့် တောက်ပနေသည်။

စစ်ယွိဟန် သူ့ကို အရမ်းမုန်းတယ်ဆိုရင်တောင် အစားနဲ့ပတ်သတ်ပြီး တွန့်တိုမနေလောက်ဘူးဟု ခဲ့ရွမ် ခံစားမိသည်။

ချီချန်က စိတ်ထဲမှ လှောင်ပြောင်လိုက်၏။

'မင်းတကယ်ပဲ ကိုယ့်ကိုယ်ကို ဧကရာဇ်ဖြစ်နေတုန်းလို့ ထင်နေသေးတာလား။ အိပ်မက်မက်နေတာ မဟုတ်ဘူးလား?"

"ငါ့နောက်လိုက်ခဲ့"

အကျွမ်းတဝင်ရှိသော နန်းတော်နှင့်အုတ်ခဲများကို မြင်လိုက်ရသောအခါ ခဲ့ရွမ်သည် သူကမ္ဘာနှင့် ခွဲခွာသွားရသလို ခံစားလိုက်ရသည်။ လွန်ခဲ့သည့် တစ်လခန့်က သာမန်ရှုခင်းဖြစ်ခဲ့သော်လည်း ယခုအခါ အလွန်ရှားပါးရှုခင်းဖြစ်သွားပုံရသည်။

"မြန်မြန်လုပ်.. အဲဒါကိုကြည့်ရတာ ဘာစိတ်ဝင်စားစရာ ရှိလို့လဲ၊ အဲဒါတွေက မင်းအပိုင်မဟုတ်တော့ဘူး..
အဲဒီအတွေးကို ဖျောက်လိုက်တော့"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now