7.2K 1.1K 38
(Unicode)
နန်းတော်ထဲသို့ သူတို့အုပ်စု ဝင်ရောက်လာသော အခါတွင် ခဲ့ရွမ်သည် အဝေးကလူတစ်ယောက် သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။
သူ့မယ်‌တော်ရဲ့မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးအောက်က အညိုအမည်းတွေကို သိသိသာသာ မြင်နေရတာကို သူသတိထားမိလိုက်သည်။
ခဲ့ရွမ် ထိတ်လန့်သွားပြီး မသိစိတ်က သူ့အရှိန်ကို မြန်လိုက်ကာ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
"ရွမ်ရွမ်.. ငါ့ရဲ့ရွမ်ရွမ်လေး" ရွမ်ချင်းထျန်ရဲ့ မျက်လုံးတွေ နီရဲနေလေသည်။ သားဖြစ်သူကို ပွေ့ဖက်ချင်သော်လည်း ယခု အနေအထားကို တွေးကာ သူ့မျက်နှာကို လှမ်းကိုင်လိုက်သည်။
"ငါ့ကလေးလေး.. မင်းက ပိုပိန်လာတယ်"
"မယ်တော်.. သားတော်နေကောင်းပါတယ်.. စိတ်မပူပါနဲ့"
ခဲ့ရွမ်က ထိုသို့ပြောပြီးနောက် ရွမ်ချင်းထျန်ရဲ့ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာလေသည်။
သူ့ရဲ့ချစ်လှစွာသောဇနီးသည်က ငိုနေတော့ ခဲ့ကျန်းက သူမကို ပွေ့ဖက်ဖို့ အလျင်စလို လျှောက်လာရင်း ပြောလိုက်သည်။
"ကလေးက နေကောင်းပါတယ်.. မငိုနဲ့တော့"
ရွမ်ချင်းထျန်သည် သူမ၏ ငိုရှိုက်မှုကို မျိုသိပ်ရန် ကြိုးစားခဲ့သည်။ သူ့သားကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရ၏။
ခဲ့ကျန်းက သူ့သားကို လေးလေးနက်နက်
ကြည့်လိုက်သည်။
ခဲ့ရွမ်က လေးစားစွာ ဒူးထောက်လိုက်၏။
"ခမည်းတော်နဲ့ မယ်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း သားတော်က အရည်အချင်းပြည့်မှီသွားပါပြီ"
"ကောင်းတယ်..ကောင်းတယ်! မတ်တပ်ရပ်ပါ" ခဲ့ကျန်းက ဝမ်းသာအားရ ခေါင်းညိတ်ပြသည်။
နောက်ဆုံးတော့ သူ့သားက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ရရှိခဲ့သည်။ ချောင်တောင်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို သူသိပြီးသားပါ။
ခဲ့ကျန်း၏ ပြုံးနေသော မျက်လုံးများသည် ခဲ့ရွမ်၏
နောက်သို့ ကျဆင်းသွားသည်။ ခဲ့ရွမ်၏နှလုံးသည် တင်းကျပ်နေသော်လည်း သူ့မျက်နှာတွင် မူမမှန်မှုမျိုး မတွေ့ရပေ။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now