Ch 91: စစ်ယွိဟန်အား ပြန်တွေ့ခြင်း/စစ္ယြိဟန္အား ပြန်တွေ့ခြင်း။

8.1K 1.3K 34
                                    

(Unicode)

ခဲ့ရွမ်က သူ့ဆီ ပြေးသွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"ရှောင်ဟန်"

စစ်ယွိဟန်က လုံးဝမတုံ့ပြန်ပေ။

ခဲ့ရွမ်သည် ဒူးတစ်ဖက်ထောက်ကာ စစ်ယွိဟန်အား ပွေ့ဖက်လိုက်၏။ စစ်ယွိဟန်သည် ရုန်းကန်ကာ ခဲ့ရွမ်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ငါမှားသွားပါတယ်" သူ အိပ်မက်ထဲမှာ တောင်းပန်ခဲ့သလိုပင်။

စစ်ယွိဟန် အနည်းငယ် လှုပ်ရှားသွားသော်လည်း ဘာမှပြန်မပြောသေး။

"မင်းက ငယ်​​သေးတယ်​၊ ငါ မင်းကို တခြားသူဆီ
မထားခဲ့သင့်​ဘူး.. ငါမှားမှန်း သိပါပြီ.. ခွင့်​လွှတ်​ပေးပါ ​ငါ.. ငါကြောက်​​နေခဲ့တာ..."

"သင်က ဘာကိုကြောက်နေတာလဲ" စစ်ယွိဟန် နောက်ဆုံးတော့ ပါးစပ်ကိုဖွင့်ပြီး မေးလိုက်လေသည်။

"နန်းတော်မှာ အရမ်းအန္တရာယ်များတယ်။ ငါချောင်တောင်ကို ရောက်တဲ့အခါ အမတ်ချုပ်နဲ့ ရန်ငြိုးဖြစ်ပြီးနေပြီ။ ငါ အရင်ပုံစံအတိုင်း ငြိမ်နေမယ်ဆိုရင် တော်ဝင်နန်းတော်က လူတွေက ငါ့ကို ထောက်ခံမှာ မဟုတ်ဘူး။ နန်းတော်ကို ပြန်သွားဖို့ ငါ့အတွက် အရမ်းအန္တရာယ်များလိမ့်မယ်။ မင်းဒီမှာ အချိန်ကောင်းရှိနိုင်ပါတယ်။ မင်းကို ဒီလိုအန္တရာယ်ရှိတဲ့ ဘဝမျိုးမှာ မပါဝင်စေချင်ဘူး.. မင်းနားလည်လား"

စစ်ယွိဟန်သည် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ခဲ့ရွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။ ဖိနပ်မပါဘဲ အတွင်းဝတ် တစ်ထည်တည်းနှင့် ပြေးထွက်လာပြီး ခြေအိတ်တစ်ဖက်ကလဲ မည်သည့်နေရာမှာ ကျွတ်ကျန်ခဲ့မှန်း မသိရပေ။ သူ့ဆံပင်ကလဲ စည်းနှောင်ထားခြင်းမရှိဘဲ ဖြစ်သလို ချထားလေသည်။

သူက တကယ့်ကို အရုးတစ်ယောက်လိုပင်။

"သင်က သဘောထားကြီးလွန်းတယ်"

သဘောထားကြီးလွန်းတယ်?

ခဲ့ရွမ်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လ်ိုက်သည်။

"ကျွန်တော် အန္တရာယ်တွေကို မကြောက်ဘူး"

ခဲ့ရွမ်က သက်ပြင်းချလိုက်၏။
"ငါ့အသက်နဲ့ရင်းပြီး မင်းကိုကာကွယ်ပေးပါ့မယ်"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now