Ch 41: Si Yuhan Was Here Too

9.1K 1.4K 23
                                    

(Unicode)

Chapter-41 Si Yuhan Was Here Too

"ရပ်စမ်း! မလုပ်နဲ့.. မင်းကို အစိုးရငွေကို ထိခွင့် မပေးဘူး"

စစ်သူကြီးလင်ရဲ့ အသံ။

"အိုး.. ခေါင်းဆောင်.. ကြည့်ပါအုံး.. အံ့သြစရာပဲ..
ဒီလို အစွမ်းထက်တဲ့ဆေးကို အသုံးခံရရင် ဘယ်လိုလုပ် သတိရှိနိုင်မှာလဲ"

"စိတ်ဝင်စားစရာပဲ"

ခဲ့ရွမ် ပြန်ထွက်ခွာသွားတဲ့ ခြေသံကိုကြားပြီးနောက် သက်ပြင်းချလိုက်သည်။ ဒါပေမယ့် နောက်တစ်ကြိမ် ပြန်ပြီး စိတ်ပူလာပြန်သည်။ စစ်သူကြီးလင် ဘာများဖြစ်သွားမလဲလို့ တွေးနေမိသည်။

"ဆေး များများထပ်သုံးလိုက်.. ဒီလူက တော်တော် သန်တယ်" ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့ပါ.. ခေါင်းဆောင်!"

ခဲ့ရွမ်သည် လှည်းပြန်ရွေ့လာသည်ဟု ခံစားလိုက်ရသည်။ ကြမ်းတမ်းတဲ့ လမ်းတစ်ခုဖြစ်ပြီး.. အရင်ထက် ပိုပို၍ ကြမ်းတမ်းလာခဲ့သည်။

ခဲ့ရွမ်သည် ဆိုးဆိုးဝါးဝါးကို မူးဝေသွားခဲ့သည်။
အချိန်များစွာ ကုန်လွန်ပြီးနောက် နောက်ဆုံးတော့ တိတ်ဆိတ်သွားခဲ့သည်။ သူ အသက်ရှုအောင့်ပြီး ဂရုတစိုက် နားထောင်ပြီးနောက် မူမမှန်တာ ဘာမျှမကြားရတဲ့အခါ သက်ပြင်းချလိုက်သည်။

သူ သေတ္တာထဲမှ တွားသွားထွက်လာခဲ့သည်။

"သောက်ချီး! ဒါက အရမ်းကြောက်စရာကောင်းတဲ့ အတွေ့အကြုံပဲ" သူသည် တွားသွားကာ သေတ္တာကို မှီပြီး အသက်ရှူမဝ ဖြစ်နေသည်။

ရုတ်တရက် ညည်းညူသံလေးတစ်ခု ထွက်ပေါ်လာသည်။

ခဲ့ရွမ်တစ်ယောက် အေးခဲသွားသည်။ သူက ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး အသံတိုးတိုးလေး မေးလိုက်သည်။

"ဘယ်သူလဲ"

"နာတယ်..."

ထိုအသံက သေတ္တာထဲက ထွက်လာပုံရသည်။ ဒီလိုဆိုရင် အဲဒီလူဟာ သူ့အဖော်ဖြစ်ရမည်။ ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီ။ သူနေခဲ့တဲ့ သေတ္တာက အတွင်းရော အပြင်ကပါ ဖွင့်လို့ရအောင် သေသေချာချာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ သို့သော် အခြားသေတ္တာများ အားလုံးကိုတော့ အပြင်မှ သော့ခတ်ထားသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now