Ch 143: ရှင်းပြသင့်လား မသင့်ဘူးလား?/ရွင္းျပသင့္လား မသင့္ဘူးလား?

7.5K 1K 27
                                    

(Unicode)

ခဲ့ရွမ်သည် စစ်ယွိဟန်ကို မယုံကြည်နိုင်စွာ ကြည့်နေ၏။ သူ တကယ်ကို မယုံနိုင်ပေ။ အဲဒီအချိန်တုန်းက စစ်ယွိဟန်သည် ရှစ်နှစ်၊ ကိုးနှစ်သာ ရှိသေးသည်။ ဒီလို လေးနက်တဲ့ အတွေးမျိုး သူ့မှာ ဘယ်လိုရှိနိုင်မှာလဲ?

ထို့အပြင် ခဲ့ရွမ်သည် ဇာတ်လိုက်အား အလွန်လေးစား သွားသည်။ သူသည် လုံးဝလှုပ်ရှားခြင်း မရှိသော်လည်း ခဲ့ရွမ်အား သတ်ဖို့ကြိုးစားနေခဲ့သည်။

စစ်ယွိဟန်သည် သူ၏အင်္ကျီလက်အောက်တွင် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ့လက်ဆစ်တွေ ဖြူစပြုလာသည်။ သူ့မျက်လုံးများက ပို၍ပင် အေးစက်သွား၏။

"ငါ့ကိုဖြေ"

လင်ချင်းယဲ့သည် အံကြိတ်ပြီး သူ့ကို ကြည့်နေသည်။

ဤလူအား ခဲ့ရွမ်မည်ကဲ့သို့ ဆက်ဆံသည်ကို နှစ်အတော် ကြာအောင် သူမျက်မြင်တွေ့ခဲ့ရသည်။ ခဲ့ရွမ် ငယ်ငယ်က
သူ့ကို စိတ်ထိခိုက်အောင် လုပ်ခဲ့သော်လည်း ခဲ့ရွမ်သည် အဲဒီအတွက် ပြန်ပေးဆပ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့သည်။ ဤလူအပေါ် ခဲ့ရွမ်၏ကြင်နာမှုသည် လင်ချင်းယဲ့အား မနာလိုဖြစ်လွန်း၍ ရူးသွပ်သွားစေနိုင်သည်။

"လုံလောက်ပြီ။ ဒီလိုကိစ္စမျိုး မရှိဘူး။ အဲဒီအချိန်က ငါ ဧကရာဇ်မင်းမြတ်နဲ့တောင် မသိသေးဘူး.. ငါတို့..."

"ဟုတ်တယ်... အဲဒီတော့ ဘာဖြစ်လဲ?"

စစ်ယွိဟန်၏ အေးစက်သောအသံကို ကြားလိုက်ရသည်။

စစ်ယွိဟန်သည် ခဲ့ရွမ်၏ တောင့်တင်းသောခန္ဓာကိုယ် စတင်တုန်ခါလာသည်ကို ခံစားနိုင်ပြီး သူ့လက်ချောင်း များသည် ခဲ့ရွမ်၏လက် တဖြည်းဖြည်း အေးစက်လာသည်ကို ခံစားနေရသည်။

ချီချန်က သူ့ပါးစပ်ကို ဖွင့်ဟထားပြီး စစ်ယွိဟန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ ဧကရာဇ်မင်းမြတ်ဘာကြောင့် ဒီလိုပြောတယ်ဆိုတာ သူနားမလည်နိုင်ပေ။ ဧကရာဇ်မင်းမြတ်က ခဲ့ရွမ်ကို မနှစ်သက်ဘူးလား? အခု သူလုပ်နေတာတွေက ခဲ့ရွမ်ကို သူနဲ့ ပိုဝေးအောင် တွန်းပို့နေသလိုပင်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now