7.9K 1.2K 17
(Unicode)
ခဲ့ရွမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"အဲလို မပြောပါနဲ့.. ငါ လုံးဝ အဆင်ပြေပါတယ်.. ဒီကို တစ်ခုခု စုံစမ်းဖို့ လာတာပါ.. ကျေးဇူးပြုပြီး မတ်တပ်ရပ်ပါ စစ်သူကြီး.. စိတ်မပူပါနဲ့"
ဘာမှမဟုတ်ဘဲ မကြာခဏ ဒူးထောက်နေရတဲ့ ဒီရှေးဟောင်း ပုံစံတွေကို သူတကယ်မကြိုက်ပေ။
စစ်သူကြီးလုံသည် ယခုအချိန်တွင် အသက် လေးဆယ်ကျော် သို့မဟုတ် ငါးဆယ်ကျော် အရွယ်တွင်ရှိနေပြီး မငယ်တော့ပေ။ ခဲ့ရွမ်သည် သက်ကြီးရွယ်အိုများ သူ့ရှေ့တွင် ဒူးထောက် ခစားနေသဖြင့် ရှက်ရွံ့စွာ ခံစားရလေသည်။
စစ်သူကြီးက မတ်တပ်ရပ်ပြီး ကြည့်လိုက်သည်။ ခဲ့ရွမ် နောက်ကွယ်က ချီချန်ရဲ့ဂိုဏ်းက လူသတ်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေလေသည်။
"ဒီလူတွေက ဓားပြတွေပဲ"
ခဲ့ရွမ်သည် စစ်သူကြီး၏ အပြစ်ပေးခံရမည်ကို မကြောက်ခဲ့ပေ။
လင်ချင်းယဲ့ တစ်ခုခုပြောဖို့ ကြံနေချိန်မှာပဲ ခဲ့ရွမ်က ရှေ့ကို ခြေတစ်လှမ်းလှမ်းပြီး ပြောလိုက်၏။
"ငါ ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်.. စစ်သူကြီး စိတ်ပူစရာ မလိုပါဘူး"
သူတို့သည် အမှုတော်ဆောင်များဖြစ်၍ သခင်၏ အမိန့်ကို လိုက်နာကြရသည်။ ထို့အပြင် လူအများ အပြား၏ အကာအကွယ်အောက်တွင် ထိုလူအုပ်ကြီးက မင်းသားလေးအား ဘာမှလုပ်ပိုင်ခွင့် မရှိနိုင်ပေ။
စစ်သူကြီးလုံက အသံတိုးတိုးဖြင့် ပြန်ဖြေ၏။
"ဟုတ်ကဲ့ပါ!"
"အရှင့်သား.. နန်းတော်ကို အမြန်ပြန်တော်မူပါ အရှင်ဧကရာဇ်က အရှင့်သားအတွက် အလွန်အမင်း စိုးရိမ်နေတာကြောင့် ကျွန်‌တော်မျိုးတို့ကို တွေ့တာနဲ့ချက်ချင်း ပြန်ခေါ်ဆောင်ဖို့ အမိန့်ပေးခဲ့ပါတယ်"
ခဲ့ရွမ်က ခေါင်းယမ်းလိုက်သည်။
"ငါကိစ္စတစ်ခု လုပ်စရာရှိတဲ့အတွက် ဒီမှာ နောက်ထပ် ရက်အနည်းငယ် နေရဦးမယ်"
"ဒါက.." စစ်သူကြီး အကြာကြီး စိတ်ရှုပ်သွားပုံရသည်။
"ဘာမှထပ်မပြောနဲ့တော့.. ငါဒီကိစ္စကို ဂရုစိုက်မှ ရမယ် ငါ့ခမည်း‌တော်ကို ငါကိုယ်တိုင် ရှင်းပြလိုက်မယ်။ ဒါ့ပြင် စစ်သူကြီး.. သင်က လူတွေအများကြီးနဲ့ ဒီမှာ ရှိနေတာတောင် ငါ့ကို မကာကွယ်နိုင်မှာကို စိုးရိမ်နေသေးတာလား"
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now