7.1K 1K 32
(Unicode)
"စစ်သူကြီးလင်.. ချီချန်ကို မင်းရဲ့နောက် လိုက်ခွင့်ပြုလိုက်ပါ"
ခဲ့ရွမ်က မျက်လုံးတွေ မှေးမှိန်လျက် ရုတ်တရက် ပြောလိုက်သည်။ သူ့မျက်လုံးထဲက ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
လင်ချင်းယဲ့သည် အရှင့်သားဟာ ချီချန်ကို အဘယ်ကြောင့် သူ့နောက်သို့ လိုက်စေလိုသည်ကို မသိသော်လည်း သူ၏ ပြင်းထန်သော စွန့်လွှတ်မှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားနိုင်သည်။
"ဟုတ်ကဲ့" လင်ချင်းယဲ့သည် ပိတ်ထားသော တံခါးကို စိုးရိမ်တကြီးကြည့်ပြီး နောက်ဆုံးတော့ ထွက်သွားလေသည်။
စစ်ယွိဟန်သည် တစ်နေ့လုံး ခဲ့ရွမ် ပြန်လာတာကို မတွေ့ရပေ။ အရှေ့နန်းတော်တစ်ခုလုံးတွင် ထူးဆန်းသောလေထုတစ်ခု ရှိနေသည်။
နောက်ဆုံးတွင် သူစောင့်နေသော ခဲ့ရွမ်အစား လင်ချင်းယဲ့က ရောက်လာခဲ့သည်။
လင်ချင်းယဲ့၏ ပါးစပ်မှပထမဆုံး စကားသည် ထိုသို့ဖြစ်၏။
"သင့်ကို မနက်ဖြန် တိုင်းပြည်ကို ပြန်ပို့ဖို့ ဘုရင်မင်းမြတ်က အမိန့်ပေးလိုက်ပါတယ်.. ဟန်သခင်လေး"
စစ်ယွိဟန် အံ့သြသွားသည်။ လင်ချင်းယဲ့ နောက်ပြောင်ရန် ရည်ရွယ်ချက်မရှိဘဲ လေးနက်စွာ ကြည့်နေသည်။
"ခဲ့ရွမ် ဘယ်မှာလဲ"
လင်ချင်းယဲ့သည် မျက်မှောင်ကြုတ်လိုက်၏။ စစ်ယွိဟန်သည် အရှင့်သား၏နာမည်ကို တိုက်ရိုက် ခေါ်သည်မှာ တစ်ခါ၊ နှစ်ခါ မကတော့ပေ။ သို့သော် အရှင့်သားသည် သူ့အား အမြဲကာကွယ်ပေးလိုခဲ့သည်။ လင်ချင်းယဲ့က တစ်ခုခု ပြောချင်နေရင်တောင် သူ့မှာ အခွင့်အရေး လုံးဝမရှိပါပေ။
သို့သော် ယခုအခါ စစ်ယွိဟန်အား ပြောရန်မလိုတော့ဟု သူခံစားမိသည်။
စစ်ယွိဟန်၏မေးခွန်းကို သူ မဖြေခဲ့ပေ။ သူ့အား ပြင်ဆင်ချိန်ပေးဖို့ ဒီနေ့ ရောက်လာခြင်းဖြစ်သည်။
"သင့်တိုင်းပြည်ကို မနက်ဖြန် ပြန်လိုက်ပို့ပေးမယ်"
ထို့နောက် သူလှည့်ထွက်သွားတော့သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now