Ch: 32 (U+Z)

10.4K 1.6K 33
                                    

Unicode

Chapter-32 သူငါ့အပေါ် အကြွေးတင်နေတယ်။

စစ်ယွိဟန် မျက်မှောင်ကြုတ်လိုက်သည်။ ဒါဆို တတိယလူ ရှိသေးတယ်ပေါ့။

ခဲ့ရွမ်က သူ့ခြေထောက်တွေကို ထိကြည့်လိုက်သည်။ နည်းနည်း နာနေသေးပေမယ့် အခုပြဿနာ မရှိလောက်ပေ။ သူက စစ်ယွိဟန်ရှေ့မှာ ထိုင်ချလိုက်ပြီး ကုန်းပိုးဖို့ ကြိုးစားလိုက်၏။ မကြာသေးမီက ဇာတ်လိုက်က သူ့ကို အဝေးသို့ တွန်းပို့ခဲ့သည်ကို သူမှတ်မိပါသည်။ ဒါပေမယ့် စစ်ယွိဟန်က လူငယ်လေးတစ်ယောက်မလို့ ရှက်နေသည်ဟု သူတွေးလိုက်သည်။

"လာ.. ငါ မင်းကို ကုန်းပိုးပေးမယ်"

စစ်ယွိဟန်က ခဲ့ရွမ်ရဲ့ သူ့နောက်ကျောကို စိုက်ကြည့်နေသည်။ လင်ချင်းယဲ့က မျက်မှောင်ကြုတ်လိုက်၏။ ယခင်က ခဲ့ရွမ် စစ်ယွိဟန်အပေါ် ဆက်ဆံပုံကို သူမကြိုက်သော်လည်း မီးတောက်နီတိုင်းပြည်၏ မင်းသားက ဓားစာခံကို ကုန်းပိုးသယ်ဆောင်လာခြင်းသည်လည်း မသင့်လျော်ပါချေ။

ထင်းယီက ကမန်းကတန်း ရှေ့ကို ပြေးလာသည်။
"အရှင့်..."
သူက အမှားတစ်ခုကို သတိပြုမိပြီး ချက်ချင်း ပြန်ပြင်လိုက်သည်။

"သခင်လေး.. ကျွန်တော် သူ့ကို အစားသယ်ပါရစေ ကျွန်တော်လုပ်နိုင်ပါတယ်"

စစ်ယွိဟန်သည် ခဲ့ရွမ်ကို မည်ကဲ့သို့ ငြင်းဆန်ရမည်ကို တွေးနေသည်။ ထင်းယီပြောတာကို ကြားလိုက်ရတော့ ရုတ်တရက် စိတ်ပြောင်းသွားပြီး ခဲ့ရွမ်ရဲ့ ကျောပေါ်ကို တက်လိုက်သည်။

ခဲ့ရွမ်က သူ့ကို အကြွေးတင်နေတယ်။ သူ သေချာပေါက် ပြန်ပေးဆပ်ရလိမ့်မယ်။

ခဲ့ရွမ်က ရယ်မောလိုက်သည်။

"ကောင်းပြီ.. စစ်သူကြီးလင်.. ငါတို့အရင် သွားလိုက်အုံးမယ်။ မင်းဒီမှာနေခဲ့ပြီး ဒီကိစ္စကို သေချာကိုင်တွယ်လိုက်ပါ.. မဟုတ်ရင် နောက်တစ်ခါ ထပ်ဖြစ်နေလိမ့်မယ်"

ထိုသို့ပြောပြီးနောက် စစ်ယွိဟန်ကို ကျောပေါ်တင်ကာ ထွက်လာခဲ့လိုက်သည်။

သေချာကိုင်တွယ်ပါ မဟုတ်ရင် နောက်တစ်ကြိမ် ထပ်ဖြစ်မယ် ဟုတ်လား?

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now