Ch: 34 (U+Z)

10.1K 1.6K 14
                                    

Unicode

Chapter-34 မလွယ်ကူသော ခံစားချက်။

"ဘာလို့မမေးတာလဲ"

စစ်ယွိဟန်သည် ဒီကိစ္စကို လွယ်လွယ်ကူကူ ကျော်သွားမည်မဟုတ်ကြောင်း ထင်ရှားသည်။

ခဲ့ရွမ် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး ခံစားချက်မဲ့တဲ့ပုံစံနဲ့ ပြန်ပြောလိုက်သည်။

"မင်းငါ့ကို ပြောပြချင်ရင်.. ငါမမေးရင်တောင် ပြောလိမ့်မယ်"

"ကျွန်တော် သင့်ကို တစ်ခုခု မပြောခင်.. အရင် မေးသင့်တယ်"

ခဲ့ရွမ် "......"

ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ။

သူတကယ်ပြောပြချင်နေရင် ငါမေးတဲ့အခါ သူတစ်ခုခုပြောမှာပေါ့။ အခု သူ ငါ့ကို ပြောပြချင်နေတာလား? ဒါတွေအားလုံးက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပဲ။

ခဲ့ရွမ်သည် စစ်ယွိဟန် အဘယ်ကြောင့်ဤမျှ တလျှောက်လုံး မှန်းဆမရသောပုံပေါက်ပြီး သူ့ကို ထိတ်လန့်‌စေလဲ ဆိုသည်ကို မသိနိုင်ပေ။ ထိုအသွင်အပြင်သည် ရှစ်နှစ်သားကလေးနှင့် လားလားမျှ မသက်ဆိုင်ပါ။ ခဲ့ရွမ်က သူ့ကို မနာကျင်အောင် တားခဲ့တာပဲ မဟုတ်လား။ ဒါဆို သူဘာလို့ ဒီလောက်တောင် ပျက်စီးချင်တဲ့ပုံ ပေါက်နေရတာလဲ။

အသက်ပြင်းပြင်းရှူပြီးနောက် ခဲ့ရွမ်သည် စစ်ယွိဟန်ကို ကြည့်ကာ မေးလိုက်သည်။

"ဒါဆို မင်းငါ့ဆီက ဘာလိုချင်လို့လဲ"

စစ်ယွိဟန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ စိတ်ဓာတ်ကျခြင်းအရိပ်အမြွက်မျှမရှိဘဲ သူ့မျက်လုံးများက ကြည်လင်နေသည်။

"ဘာမှမလိုချင်ဘူး"
စစ်ယွိဟန် အပျော်အပျက်သဘောမျိုးနဲ့ ချစ်စရာကောင်းသော လေသံနှင့် ပြောလိုက်သည်။

ခဲ့ရွမ် "......"

ခဲ့ရွမ်ရဲ့ နှလုံးသားလေး သွေးယိုစိမ့်နေလေပြီ။

ခဲ့ရွမ်သည် စစ်ယွိဟန်၏ မျက်လုံးများကို ချက်ချင်း ကြည့်လိုက်သည်။ စစ်ယွိဟန်သည် ချက်ချင်း သူ့ကို ပြန်ကြည့်ကာ လိုက်လျောမှုနှင့် ကြောက်ရွံ့မှုတို့ကို မပြပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now