Ch 136: ရွမ်ဟန်နန်းဆောင်/ရွမ်ဟန်နန်းဆောင်

7.7K 1K 42
                                    

(Unicode)

ရှောင်လုကျစ်သည် အာရုံကိုမနှိုးဆွရန် ကြိုးစားရင်း ခေါင်းကို ဘေးသို့ငုံ့ထားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် စစ်ယွိဟန်က သူ့ကို နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။

"ကောင်းပြီ!"

ခဲ့ရွမ် သက်ပြင်းချကာ သူ့ဘေးနားရှိ ရှောင်လုကျစ်ကို လှည့်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"သွားကြစို့.. လမ်းကို ဦးဆောင်ပါ"

လမ်းတစ်လျှောက်တွင် ခဲ့ရွမ်သည် ခေါင်းငုံ့ကာ ဘာမှပြန်မပြောပေ။ ရှောင်လုကျစ်သည် သူ၏အမူအရာကို တိတ်တဆိတ် စိုက်ကြည့်ရင်း အပြစ်ရှိကြောင်း အနည်းငယ် ခံစားရပြီး မကြာမီပင် တင်းမာလာပြန်သည်။

"ဧကရီ.. ကျွန်တော်မျိုးတို့ရောက်ပါပြီ"

ခဲ့ရွမ်ရဲ့ နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားပြီး သူ့ကိုယ်သူ ပြောလိုက်သည်။ 'ဧကရီ? ယီးကို ဧကရီ'

သူ မော့ကြည့်လိုက်တော့ တောက်ပနေသော ရွမ်ဟန်နန်းဆောင်ကို တွေ့လိုက်ရသည်။

ဒါတွေအားလုံး ကြိုတင်စီစဉ်ထားပုံရသည်။

"ဧကရီ.. ညနက်နေပြီ.. ဝင်သွားပါ"

ဒီအခေါ်အဝေါ်ကို ခဲ့ရွမ်ကြားတော့ ဒေါသတကြီးနဲ့ ပြောလိုက်၏။

"တိတ်စမ်း..ငါ့ကို ဧကရီလို့ မခေါ်နဲ့။ ငါက ယောက်ျားတစ်ယောက်.. အဖြောင့်တစ်‌ယောက်ပဲကွ!"

ယီးပဲ! ဤအရာက ခဲ့ရွမ်ကို ရူးသွပ်စေသည်။ ခွားမသေး စစ်ယွိဟန်! သူ့ကို အခုလို ဆိုးဆိုးရွားရွား ဆက်ဆံမယ် ဆိုတာ သိခဲ့ရင် စစ်ယွိဟန်ကို ငယ်ငယ်တုန်းက ဒီလောက်ကောင်းကောင်း ဆက်ဆံပေးခဲ့မှာမဟုတ်ဘူး!
သူ့ကို အနိုင်ကျင့်ခဲ့သင့်တယ်။

ယခုတော့ စစ်ယွိဟန်သည် အလွန်အစွမ်းထက်နေပြီ ဖြစ်သောကြောင့် တစ်ခုခုပြောရန် နောက်ကျနေပြီ ဖြစ်သည်။

ရှောင်လုကျစ်သည် ခေါင်းငုံ့ကာ နှိမ့်ချခြင်းမရှိ၊ တွန်းအားပေးခြင်းလဲမရှိဘဲ ပြောလိုက်သည်။

"ဧကရီ.. ဒါက ဘုရင်မင်းမြတ်ရဲ့ ပန်ကြားချက်ပါ။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အခက်တွေ့အောင် မလုပ်ပါနဲ့"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now