Ch 70: အတူတကွ အိပ်စက်ခြင်း/အတူတကြ အိပ်စက်ခြင်း

8.9K 1.4K 41
                                    

(Unicode)

ခဲ့ရွမ် လှည့်ကြည့်လိုက်တော့ စစ်ယွိဟန်၏ အေးစက်သော မျက်နှာကို မြင်လိုက်ရပြီး ကြောက်ရွံ့သွားသည်။

"ရှောင်.. ရှောင်.. ရှောင်ဟန်.. ဘာဖြစ်လို့လဲ"
သူ့စကားအဆုံးသတ်ရန် အချိန်အတော်ကြာခဲ့၏။

"အိပ်တော့" စစ်ယွိဟန်က သူ့အင်္ကျီကြိုးကို ဖြည်လိုက်ပြီး အဖြူရောင် အတွင်းအင်္ကျီကို ပေါ်လွင်စေလိုက်သည်။ ခဲ့ရွမ် အံ့သြလွန်းလို့ ထထိုင်လိုက်၏။

"အိပ်.. အိပ်.. အိပ်မယ်?" ခဲ့ရွမ် ရူးချင်လာသလို ခံစားရသည်။ သူဘာတွေ စိတ်ပူနေတာလဲ?

စစ်ယွိဟန်၏ လျစ်လျူရှုသော မျက်လုံးများတွင် ကျေနပ်မှုအရိပ်အယောင်ပြနေသည်။

"အဲ့တော့?"

"အာ.. ချီချန်က မင်းအတွက် အခန်းမစီစဉ်ပေးဘူးလား"

စစ်ယွိဟန်က သူ့ဘေးမှာ သဘာဝကျကျ လဲလျောင်းလိုက်သည်။

"တစ်ယောက်တည်း အိပ်ရမှာ ကြောက်တယ်"

ခဲ့ရွမ် ဘာပြန်ပြောရမှန်း မသိတော့ပေ။

ဘာ? မင်းငါ့ကိုနောက်နေတာလား?
ပိုကောင်းတဲ့ ဆင်ခြေကို ရှာမတွေ့ဘူးလား?
တစ်ယောက်တည်း အိပ်ရမှာကြောက်တယ် ဟုတ်လား?

တစ်ယောက်တည်း အိပ်ရမှာကို ကြောက်ရင် အဲဒီနှစ်တွေ အားလုံးကို တစ်ယောက်တည်း ဘယ်လိုအိပ်ခဲ့လဲ? လုံးဝအိပ်မပျော်ခဲ့ဘူးလား?

တစ်ယောက်တည်း အိပ်ရမှာကို ကြောက်တယ်တဲ့လား?
တော်စမ်းပါ! ဒီည ဘာ ရည်ရွယ်ချက်နဲ့ လာတာလဲ? ထူးဆန်းတဲ့ သိုင်းပညာတစ်ခုခုကို လေ့ကျင့်နေတာလား?

စိတ်ဝင်စားစရာပဲ။

"ဘာဖြစ်လို့လဲဟင်" စစ်ယွိဟန်က သူ့ကို ကြည့်လိုက်သည်။ သူတကယ် ပြောချင်တာက "ပြဿနာရှိလို့လား" ဟူ၍ပင်။

ခဲ့ရွမ်က လုပ်ပြုံးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး.. အိပ်တော့"

သူသည် စစ်ယွိဟန်၏ နံဘေးတည့်တည့်တွင် မလှုပ်မယှက် ထိုင်နေလိုက်သည်။

"သခင်လေးရော အိပ်တော့မှာလား"

ခဲ့ရွမ်က ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now