Ch 146: မင်္ဂလာဦးည (၂)/မဂၤလာဦးည (၂)

8.2K 1K 27
                                    

(Unicode)

အစေခံအားလုံးက သံပြိုင် ပြောဆိုလာသည်။

"ဧကရီ.. အရှင်မင်းမြတ်ကို ကြိုဆိုဖို့ စိတ်ကြည် လန်းဆန်းအောင်လုပ်ပြီး ၀တ်စားဆင်ယင်ပါ"

ခဲ့ရွမ်၏နဖူး၌ သွေးကြောများ ထောင်ထလာလေ၏။ ဤလူများသည် မိန်းမများဟုတ်မနေပါက သူ ကန်ထုတ်လိုက်တော့မည်ဖြစ်သည်။

"မင်းတို့ ဒူးထောက်ရတာကိုကြိုက်ရင် ဆက်ပြီး ဒူးထောက်နေလိုက်" ဘာပဲဖြစ်ဖြစ် ဒါက သူ့ကိစ္စမဟုတ်ဘူး။

ခဲ့ရွမ်သည် ဝတ်ရုံကို ခါယမ်းလိုက်ပြီး ခန်းမထဲသို့ လျှောက်သွားလိုက်သည်။

ခဲ့ရွမ်သည် ခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် မမျှော်လင့်စွာ အနောက်မှ ဒူးထောက်သံထက် ပိုကျယ်လောင်သော တောင်းပန်ခယသံများထွက်လာလေ၏။

ခဲ့ရွမ် အံသြသွားပြီး သူတို့ ရူးသွပ်သွားတာဖြစ်ရမည်ဟု တွေးလိုက်၏။

သူရပ်တန့်လိုက်သည်။

၎င်းတို့အား လျစ်လျူရှုထားချင်သော်လည်း သူသည် အမှန်တကယ်ပင် နန်းတော်ထဲမှ အဆင့်အတန်းမြင့် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘဲ ဆရာဝန်တစ်ယောက်နှင့်
ခေတ်သစ်မှ လူသားတစ်ဦးဖြစ်ပေသည်။

သူ လုံးဝ လျစ်လျူရှုလို့ မရနိုင်ပေ။

သူ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် မကျေနပ်ချက်အားလုံးကို စစ်ယွိဟန်ထံ ပုံချလိုက်သည်။ ဤအရာအားလုံးသည် ရက်စက်ကြမ်းကြုတ် ယုတ်မာသော ထိုလူကြောင့် ဖြစ်ပေသည်။

သို့မဟုတ်လျှင် သူဘာကြောင့် ဤအရာအားလုံးကို ခံစားရမည်နည်း။

ဟိုအရင်တုန်းက သူသည် အဲဒီကောင်ကို ကောင်းကောင်း ဆက်ဆံခဲ့သည်။ မူလပိုင်ရှင် ကျူးလွန်ခဲ့သော အရာများကိုပင် ဝန်ခံခဲ့ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့သည်။ ဤအကြောင်းပြချက်ဖြင့် သူ့ကျူးလွန်ခဲ့သော အပြစ်များကို နှိမ်လိုက်နိုင်သည်။ သို့သော် စစ်ယွိဟန်က ဘာကြောင့် သူ့ကို ဒီလိုဆက်ဆံနေသေးတာလဲ။

ထိုသို့တွေးလိုက်သောအခါ ခဲ့ရွမ်သည် သူ့စိတ်‌တွေ ကျဉ်းကျပ်လာပြီး အဆင်မပြေသလို ခံစားလိုက်ရသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now