Ch: 20 (U+Z)

12.4K 1.8K 15
                                    

Unicode

Chapter-20 သံသယများ။

ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းတာကြောင့် ခဲ့ရွမ်
အနည်းငယ် အဆင်မပြေသလို ခံစားလာရသည်။
ထို့‌ကြောင့် သူကမေးလိုက်သည်။

"စစ်သူကြီးလင်.. အဲဒီလူတွေက သာမန်ဓားပြတွေပဲ မဟုတ်ဘူး.. ဟုတ်တယ်မလား"

သိသာစွာပင် သူတို့သည် သရုပ်ဆောင်ရာတွင် မထူးချွန်သောကြောင့် အလွယ်တကူ သတိထားမိနိုင်သည်။

လင်ချင်းယဲ့က ခေါင်းညိတ်လိုက်သည်။

ခဲ့ရွမ်၏မျက်နှာပေါ်မှာ လှောင်ပြောင်သရော်မှုလေး တစ်ခု ဖြတ်ပြေးသွား၏။
"ငါတို့ အခုမှ မြို့က ထွက်လာရုံရှိသေးတယ်..
တစ်ယောက်ယောက်ကတော့ လုံးဝ စိတ်မရှည်သလိုပဲနော်"

"ကျွန်တော် သခင်လေးအတွက် အသက်ပေးပါ့မယ်"
လင်ချင်းယဲ့က ဘာခံစားချက်မှမရှိသလို ပြောလိုက်သော်လည်း ခဲ့ရွမ်ကတော့ သူ့၏
ခိုင်မာမှုနှင့် လေးနက်မှုကို ခံစားမိလိုက်သည်။

ခဲ့ရွမ်က လင်ချင်းယဲ့၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"ဒါကို ငါ သံသယ မရှိပါဘူး"

ခဲ့ရွမ်သည် ရုတ်တရက် နှာချေလိုက်သည်။ လင်ချင်းယဲ့က အနည်းငယ် စိတ်ဆိုးသွားရင်း
ခဲ့ရွမ်ကို တွဲကူလိုက်၏။

"သခင်လေး.. သင့်ရဲ့အဝတ်အစားတွေလဲဖို့ ရထားလုံးပေါ်ကို ပြန်သွားတာ ပိုကောင်းမယ်နော်"

ခဲ့ရွမ်က ခေါင်းညိတ်ပြပြီး ရထားလုံးဆီသို့ အမြန်
လျှောက်လာလိုက်သည်။ သူ စစ်ယွိဟန်ကို ကြည့်လိုက်တော့ ထောင့်မှာ အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ ခဲ့ရွမ်သည် တိုးတိုးတိတ်တိတ် သူ့အဝတ်အစားများကို သတိထားလဲလိုက်ပြီး ထိုကလေးကို သူ့ရင်ခွင်ထဲပွေ့ချီကာ အလယ်မှာ ချပေးလိုက်သည်။ ရထားလုံး၏ အလယ်ပိုင်းနေရာသည် သူတို့နှစ်ယောက် အိပ်နိုင်သည်အထိ လုံလုံလောက်လောက် ကျယ်ဝန်းသည်။

စောင်ကို နှစ်ယောက်လုံး အပေါ်ခြုံလိုက်ပြီးနောက် စစ်ယွိဟန်ကို နည်းနည်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now